မြစ်ကြီးနားမြို့ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်းများသို့ ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း

 

မြစ်ကြီးနား   သြဂုတ်   ၈


ကချင်ပြည်နယ်    အစိုးရအဖွဲ့ အနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ  ကို အရပ်ဘက်အဖွဲ့အစည်းများ၊  ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက်   ပူးပေါင်းဆောင်ရွက် လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက  ပြည်နယ်ဝန်ကြီးချုပ်      ဦးခက် ထိန်နန်သည်  မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်    အသင်းတော်ပိုင်        ကိုဗစ်-၁၉   အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး  စခန်းများ သို့   သွားရောက်ပြီး   ကိုဗစ်-၁၉ ကာကွယ်ရေးသုံး  ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို      ပေးအပ် သည်။


ရှေးဦးစွာ   ပြည်နယ်ဝန်ကြီး ချုပ်သည်        မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ       စိန်ကို လန်ဘန် ကသီဒြယ်ကတ်သလစ် အသင်းတော်ပိုင်       ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့် ရှောက်ရေးစခန်း၌ ဘုန်းတော်ကြီး၊ ဆရာဝန်နှင့်    စေတနာ့ဝန်ထမ်း များ၊ လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ လူနာများအား ပြုစု စောင့်ရှောက်ပေးနေမှု  လုပ်ငန်း များ၊      လိုအပ်ချက်များနှင့် ပတ်သက်၍     မေးမြန်းဆွေးနွေး ခဲ့ပြီး    ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေးနှင့်    လိုအပ် သည်များကို ပံ့ပိုးကူညီပေးနိုင်ရေး ပေါင်းစပ်    ဆောင်ရွက်ပေးခဲ့ကာ အသင်းတော်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး   ပစ္စည်းများ ဖြစ်သည့်    PPE    ဝတ်စုံများ၊ နှာခေါင်းစည်းများနှင့်  စေတနာ့ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ များအတွက် ထောက်ပံ့ငွေများကို      ပေးအပ်သည်။


ထို့နောက်     ဒူကထောင် ရပ်ကွက်ရှိ စိန့်ဂျိုးဇက်ကတ်သလစ် အသင်းတော်      ကလေးသူငယ် ဖွံ့ဖြိုးရေးဂေဟာအတွင်း ဖွင့်လှစ် ဆောင်ရွက်သွားမည့် ကိုဗစ်-၁၉  အတည်ပြုလူနာများ  ပြုစုစောင့် ရှောက်ရေးစခန်းအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ         နှင့် စေတနာ့ဝန်ထမ်း လူငယ်များဖြင့်  စုဖွဲ့ဆောင်ရွက်   ထားရှိမှုများကို အသင်းတော်တာဝန်ရှိသူများနှင့် လှည့်လည်ကြည့်ရှုပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီး တို့က PPE ဝတ်စုံများ၊ နှာခေါင်း စည်းများနှင့် ထောက်ပံ့ငွေများကို   ပေးအပ်သည်။    ထိုမှတစ်ဆင့်         စီတာပူရပ်ကွက်      အတွင်းရှိ စိန့်ပက်ထရစ်   အသင်းတော်ပိုင်   ကျောင်းဝင်းအတွင်း   ကိုဗစ်-၁၉  အတည်ပြုလူနာများအား    ပြုစု စောင့်ရှောက်မှု     လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို  လှည့်လည် ကြည့်ရှုကာ       ကျောင်းထိုင် ဘုန်းတော်ကြီး ဒေါက်တာ  ပီတာ ခါးအောင်တူး ထံ PPE ဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ထောက်ပံ့ ငွေများကို ပေးအပ်သည်။


ယင်းနောက်    မြစ်ကြီးနား တက္ကသိုလ်ဝင်း              အတွင်းရှိ   ကိုဗစ်-၁၉  အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်   ကုသ ပေးလျက်ရှိသည့်    ဖုန်ဂန်ရာဇီ အမျိုးသားဆောင်နှင့်      ဆဒုံးဘွမ် အမျိုးသမီး လူနာဆောင်များတွင် လူနာများအား     အားပေးစကား ပြောကြားပြီး စေတနာ့ဝန်ထမ်း များအတွက် လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ        ထောက်ပံ့ငွေများ ပေးအပ်သည်။


ပြည်နယ်(ပြန်/ဆက်)