မြစ်ကြီးနားမြို့ရှိ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်ရိုက်မင်္ဂလာပြုလုပ်

 

နေပြည်တော်     ဩဂုတ်    ၄


ကချင်ပြည်နယ်     မြစ်ကြီးနားမြို့ရှိ    အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် နှစ်ထပ် ကျောင်းဆောင်သစ်   ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင်  အဆိုပါ ကျောင်းဝင်းအတွင်းရှိ       နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်မည့်    မြေနေရာ၌ပြုလုပ်ရာ   ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊  ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။

 


ဦးစွာ    ပြည်နယ်ဝန်ကြီးချုပ်၊     တိုင်းမှူးနှင့် အဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ပန္နက်တော်များကို  ရိုက်သွင်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ခဲ့သည်။

 

ထို့နောက်  နှစ်ထပ်ကျောင်းဆောင်သစ်  ဆောက်လုပ်မည့် မြေနေရာအား လှည့်လည်ကြည့်ရှု၍  လိုအပ်သည်များ   ညှိနှိုင်းဖြည့်ဆည်း   ဆောင်ရွက် ပေးသည်။ 

 


အဆိုပါ   ကျောင်းဆောင်သစ်ကို     ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် အလျားပေ ၁၄၀၊ အနံပေ ၃၀ ရှိ RC နှစ်ထပ်ဆောင် အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်