မြစ်ကြီးနားမြို့ရှိ အောင်တော်မူသကျမာရဇိန် အံတော်ရှင်စေတီတော်မြတ်ကြီး ရွှေသားရွှေစင်သင်္ကန်းတော် ကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများ ပြီးစီးအောင်မြင်ခြင်း အလှူရေစက်ချနှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာ ပြုလုပ်

 

နေပြည်တော်  မေ   ၁၄


ကချင်ပြည်နယ်   မြစ်ကြီးနားမြို့ တွင်   တည်ထားကိုးကွယ်လျက် ရှိသော    ရှေးဟောင်းသမိုင်းဝင် အောင်တော်မူ       သကျမာရဇိန် အံတော်ရှင်    စေတီတော်မြတ်ကြီး အား ရွှေသားရွှေစင်သင်္ကန်းတော် ကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံရေးလုပ်ငန်းများ ပြီးစီးအောင်မြင် ခြင်း        အလှူရေစက်ချနှင့် ရွှေထီးတော်တင်လှူ     ပူဇော်ပွဲ မဟာမင်္ဂလာကို    ယနေ့တွင် ပြုလုပ်ရာ             မြစ်ကြီးနားမြို့ အောင်နန်းမဟာစည်  သာသနာ့ ရိပ်သာကျောင်းတိုက်    ပဓာန နာယကဆရာတော်    အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ    ဘဒ္ဒန္တအာဒိစ္စ အမှူးပြုသော    သံဃာတော်များ ကြွရောက်တော်မူကြပြီး ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန် နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ    တက် ရောက်ကြသည်။

 


ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက       မြစ်ကြီးနားမြို့ ဓမ္ဓရက္ခိတ ဝန်းသိုကျောင်းတိုက် ဦးစီးပဓာနနာယက  ဆရာတော် ပြည်နယ်သံဃနာယက   အကျိုး တော်ဆောင် ဘဒ္ဒန္တကေတုမာလ ထံမှ   ကိုးပါးသီလ ခံယူဆောက် တည်ကြပြီး     သံဃာတော်များ ရွတ်ပွား     ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များ နာယူကြ သည်။ ထို့နောက်  တိုင်းမှူးက သာသနာရေးဆိုင်ရာများ လျှောက် ထားပြီး   ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက   ရွှေထီးတော်ဘုံအဆင့် ဆင့်၊   စိန်ဖူးတော်၊   ငှက်မြတ် နားတော်နှင့်     လှူဖွယ်ပစ္စည်း များကို    သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက   မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်    ပဓာန နာယကဆရာတော်    ပြည်နယ် သံဃနာယက အကျိုးတော်ဆောင် ဒေါက်တာ ဘဒ္ဒန္တဉာဏဓဇသဒ္ဓမ္မ ဇောတိကဓဇထံမှ အနုမောဒနာ တရားနာယူကြပြီး ရတနာစိန်ဖူး တော်၊       ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီး အား  လက်ယာရစ်   လှည့်လည် ပူဇော်ကြသည်။ 

 


ဆက်လက်၍      ပြည်နယ် ဝန်ကြီးချုပ်၊        တိုင်းမှူးနှင့် တက်ရောက်  လာကြသူများက ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့      ပင့်ဆောင်တင်လှူ ပူဇော် ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ   သံဃာတော်များ အား        နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း    သတင်းရရှိ သည်။


သတင်းစဉ်