မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းနှင့် နေရပ်စွန့်ခွာယာယီစခန်းနေ ပြည်သူများအား အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်ထောက်ပံ့

 

မြစ်ကြီးနား   သြဂုတ်    ၅


ကချင်ပြည်နယ်   မြစ်ကြီးနားမြို့နယ်အတွင်း ဘုန်းတော်ကြီးသင်   ပညာရေးကျောင်းနှင့် နေရပ်စွန့်ခွာယာယီစခန်းနေပြည်သူများအား အာဟာရနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ ခြင်းကို သြဂုတ် ၄ ရက်က ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များက   သွားရောက် ထောက်ပံ့ပေးအပ်သည်။

 


ထိုသို့ ထောက်ပံ့ရာတွင် ပြည်နယ်အမျိုး သမီးရေးရာအဖွဲ့နှင့်       မိခင်နှင့်ကလေး စောင့်ရှောက်မှု    ကြီးကြပ်ရေးအဖွဲ့ဝင်များ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန် ဆိုင်းနှင့် နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌ ဒေါ်လွင် လွင်မော်နှင့် အဖွဲ့ဝင်များက မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အာဟာရ ဖြစ် ကြက်ဥအလုံး ၃၀ ပါ ၂၅ ကတ်၊ အိုင်အိုဒင်း ဆား တစ်အိတ်၊ ဗလာစာအုပ် ၁၂ ဒါဇင်၊ နှာခေါင်း စည်း ၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာရည်ဘူး များကို ထောက်ပံ့ပေးအပ်သည်။

 


ထိုမှတစ်ဆင့်   မြစ်ကြီးနားမြို့    စီတာပူ (သီတာအေး) ရပ်ကွက်အတွင်းရှိ နေရပ်စွန့်ခွာ ယာယီတိမ်းရှောင်စခန်း၌    နေရပ်စွန့်ခွာ အိမ်ထောင်စုများနှင့်   ရင်းရင်းနှီးနှီး   တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး အိမ်ထောင်စု ၂၆  စုအတွက်   မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် အမျိုး သမီးအသုံးဆောင်ပစ္စည်း ၂၆   အိတ်၊ ကြက်ဥ အလုံး  ၃ဝ ပါ  ၂၆  ကတ်၊  အိုင်အိုဒင်းဆား တစ်အိတ်၊  နှာခေါင်းစည်း၊  လက်သန့်ဆေး၊ ဆပ်ပြာရည်ဘူးများနှင့်  ငွေကျပ်   ၂၆၀၀၀၀ တို့ကို  နာယက၊   ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ က      ထောက်ပံ့ပေးအပ်ခဲ့ကြောင်း    သိရ သည်။


ပြည်နယ် (ပြန်/ဆက်)