မြစ်ကြီးနားမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

 

 

နေပြည်တော်   မေ    ၁၀
ကချင်ပြည်နယ်   မြစ်ကြီးနားမြို့ နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့်     ပြည်သူ့စစ်   (ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်    တိုင်းမှူး       ဗိုလ်မှူးချုပ် မြတ်သက်ဦး က တိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌      တွေ့ဆုံ သည်။
တွေ့ဆုံရာတွင်  တိုင်းမှူးက အမှာစကားပြောကြား၍     စစ်မှု ထမ်းဟောင်း     အဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ ၏ တင်ပြချက်များအပေါ် ညှိနှိုင်း  ဆောင်ရွက်ပေးပြီး   စားသောက် ဖွယ်ရာများ၊ ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်သည်။ 
ထို့ပြင်    တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်  (ဌာနေ)  တပ်ဖွဲ့ဝင် များအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင် ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင် များက လိုက်လံကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်