မြစ်ကြီးနားမြို့နယ်နှင့် ဖျာပုံမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော်   ဇန်နဝါရီ    ၁၂


ကချင်ပြည်နယ်    မြစ်ကြီးနား မြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များနှင့်    ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ပိုင်းတွင်     မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်တိုင်းမှူး   ဗိုလ်မှူးချုပ် မြတ်သက်ဦးက တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ တွေ့ဆုံအမှာ စကား ပြောကြားသည်။ 

 


ထို့နောက် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်      ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ် ညှိနှိုင်းဆောင်ရွက် ပေးကာ  စားသောက်ဖွယ်ရာများ နှင့် သုတ၊ ရသ   စာအုပ်စာစောင် များ ပေးအပ်သည်။ထို့ပြင် တိုင်းစစ် ဌာနချုပ်၊   နယ်လှည့်ဆေးကုသ ရေးအဖွဲ့က    စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်      ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များကို  လိုအပ် သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်းများ ဆောင်ရွက်ပေးကြ ရာ  တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။

 


အလားတူ   ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်ရှိ   စစ်မှု ထမ်းဟောင်း အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအား     ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် က ဖျာပုံမြို့ရှိ နယ်မြေခံ တပ်ရင်း၌ တွေ့ဆုံအမှာစကား    ပြောကြား ပြီး စစ်မှုထမ်းဟောင်းအလုပ်အမှု ဆောင်အဖွဲ့ဝင်များနှင့်   ပြည်သူ့ စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြ ချက်များအပေါ်  ညှိနှိုင်းဆောင် ရွက်ပေးကာ စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း   သတင်း ရရှိသည်။


သတင်းစဉ်