
နေပြည်တော် မတ် ၁၆
မြစ်ကြီးနားမြို့နှင့် ကျိုင်းတုံ မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မတ် ၁၅ ရက် မွန်းလွဲ ၃ နာရီတွင် မြစ်ကြီးနားမြို့ မြို့သစ် ကြီးရပ်ကွက်ရှိ မြို့ပတ်လမ်းတွင် ဇော်ရှိန်း မောင်းနှင်ပြီး ချိုလင်း လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဇော်ရှိန်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀၀ ကိုလည်းကောင်း၊ အလား တူ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ် ပင်းတောက် ကျေးရွာအုပ်စု (၁၃)မိုင် ကျေးရွာ အနီးတွင် ကျဝ(ခ)ဒါဝေ့ မောင်းနှင် လာသော ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သိရသည်။
သတင်းစဉ်