မြစ်ကြီးနားမြို့၌ တရုတ်စကားပြော အခြေခံသင်တန်းဖွင့်

 

မြစ်ကြီးနား   ဇူလိုင်   ၃


ကချင်ပြည်နယ်   ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန       ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ယူချိန် တရုတ်ဗုဒ္ဓဘာသာ        ယဉ်ကျေးမှုကျောင်းတို့ ပူးပေါင်း၍ လူငယ်လူရွယ်များအတွက် တရုတ် စကားပြော အခြေခံသင်တန်းဖွင့်ပွဲနှင့်  လူငယ် စကားဝိုင်းဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ မြို့မ ရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန၌  ဇူလိုင် ၂ ရက်က  ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ်  ဦးခက်ထိန်နန်    တက်ရောက်အမှာစကား ပြောကြားသည်။

 


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် က  သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့၏ မိရိုးဖလာဘာသာစကား၊   စာပေ တတ်မြောက်ထားရုံတင်မကဘဲ      အခြား ဘာသာစကား တတ်မြောက်ကျွမ်းကျင်ပါက လူမှုနယ်ပယ်တွင် တိုးတက်အောင်မြင်စေနိုင် သည့် အထောက်အပံ့တစ်ခုဖြစ်သည့်အတွက် ယခု တရုတ်စကားပြောသင်တန်းတွင် ကြိုးစား လေ့လာသင်ယူကြစေလိုကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များနှင့်  စကားဝိုင်းကို လည်း ကျင်းပမည်ဖြစ်၍  ပူးပေါင်းဆောင်ရွက် တတ်သည့်     အလေ့အထများ တိုးတက်ရရှိစေ နိုင်သည့်အတွက်   ပါဝင်ဆွေးနွေးကြရန်လို ကြောင်း     တိုက်တွန်းမှာကြားသည်။

 


ထို့နောက်       ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    ဦးစီးမှူး ဦးလှဌေးက ပြည်နယ်အတွင်း   လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တရုတ်စကားပြောအခြေခံ သင်တန်းကို သင်တန်းသား ၃၀ ဖြင့် တစ်လ ကြာ ဖွင့်လှစ်ခြင်းနှင့်    လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က   တရုတ်စကားပြော သင်တန်းနည်းပြ  ဆရာ   ဆရာမများအား ထောက်ပံ့ငွေများနှင့်    ပြည်သူ့စာကြည့်တိုက် အတွက်  စာအုပ်စာစောင်များကို   ပေးအပ် လှူဒါန်းကာ   သင်တန်းနည်းပြ ဆရာ ဆရာမ များနှင့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး  နှုတ်ဆက်အားပေးသည်။                       


ပြည်နယ် (ပြန်/ဆက်)