မြစ်ကြီးနားမြို့၌ တပ်မတော်လေယာဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ရောက်ရှိ

မြစ်ကြီးနား  ဇူလိုင်   ၃၀

 


ကချင်ပြည်နယ်အတွင်းရှိ  ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ     ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm များကို   ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီတွင်       တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနား   နန်ပေါင်လေဆိပ်သို့    ရောက်ရှိခဲ့သည်။

 


 အဆိုပါ  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး များမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm အမှတ်တံဆိပ်ပါ  ကာကွယ်ဆေးအလုံး ၈၈၀၀ နှင့် Sinovac အမှတ်တံဆိပ်ပါ  ကာကွယ်ဆေး ၁၅၇၃ လုံး တို့ဖြစ်သည်။  အဆိုပါ ကာကွယ်ဆေးများကို  ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        ဦးခက်ထိန်နန်နှင့်      မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်    တိုင်းမှူး    ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့က   လက်ခံရယူခဲ့ကြပြီး   လက်ခံရရှိ သည့်    ကာကွယ်ဆေးများကို    ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဒေါက်တာ တင့်နိုင်နှင့်  ကျန်းမာရေးဝန်ထမ်းများက  စစ်ဆေး ရေတွက်ကာ  ဗန်းမော်ခရိုင်အတွက်   ကာကွယ်ဆေး များကို  လေယာဉ်ဖြင့်   ဆက်လက်ပို့ဆောင်ပေးခဲ့ကြ သည်။

 


ထိုမှတစ်ဆင့်  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့်အတူ မြစ်ကြီးနားမြို့နယ်   အာလမ်ကျေးရွာအုပ်စု   အခြေခံ ပညာအထက်တန်းကျောင်းခွဲ     (အာလမ်-၁) သို့  ရောက်ရှိပြီး   အဆိုပါကျောင်း၌   အာလမ်၊  အူဗျစ်နှင့် ဒွန်ဂမ်ကျေးရွာတို့မှ  ကိုဗစ်-၁၉ ရောဂါ  အတည်ပြု လူနာများနှင့်ဆက်စပ်ခဲ့သည့်  ပြည်သူများအား  ရပ်/ရွာအခြေပြု  ကိုဗစ်-၁၉ ရောဂါ  စစ်ဆေးပေးခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ  ထပ်တိုး အတည်ပြုလူနာသုံးဦးတို့    ထပ်မံတွေ့ရှိခဲ့သဖြင့် ၎င်းတို့အား  ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က  တွေ့ဆုံအားပေးစကားပြောကြားပြီး  လူနာနှင့် မိသားစုများအတွက် နေထိုင်စားသောက်မှုအဆင်ပြေ စေရေး    ထောက်ပံ့ငွေများကို    ထောက်ပံ့ပေးအပ်ခဲ့ သည်။                            

 

  ပြည်နယ်(ပြန်/ဆက်)