မြစ်ကြီးနားမြို၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်းဆင်း

 

မြစ်ကြီးနား   ဇူလိုင်    ၁၀


ကချင်ပြည်နယ်မြစ်ကြီးနားမြို့၌ ဟိုတယ် နှင့်  ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်   ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)တို့   ပူးပေါင်းဖွင့်လှစ်သည့် အမှတ်စဉ်(၁/၂၀၂၂)    ပထမအကြိမ် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု    အခြေခံ သင်တန်းများနှင့်   မသန်စွမ်းသူများ အတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်း (Barrier Free Tourism) ဖော်ဆောင်ခြင်း ဆိုင်ရာ   အခြေခံဝန်ဆောင်မှုသင်တန်း ဆင်းပွဲကို   ခေမာသီရိရပ်ကွက်ရှိ   ရှမ်း မျိုးနွယ်စုများ   ဓမ္မာရုံ၌   ယမန်နေ့က ကျင်းပသည်။ 

 


သင်တန်းဆင်းပွဲတွင်    ပြည်နယ် စီးပွားရေးရာဝန်ကြီး     ဦးမျိုးဆွေက အမှာစကားပြောကြားပြီး  ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြစ်ကြီးနား ရုံးခွဲ ညွှန်ကြားရေးမှူး        ဦးခိုင်ဦးက သင်တန်းဖွင့်လှစ်နိုင်မှုအပေါ် အဘက်ဘက် မှ ကူညီပံ့ပိုးခဲ့သော    အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့်   ဟိုတယ်လုပ်ငန်းရှင် များအား ကျေးဇူးတင်စကားပြောကြား သည်။  ထို့နောက် သင်တန်းဆင်းပွဲတွင် ဆုရရှိသူများနှင့် သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက် ခဲ့သူများကို တာဝန်ရှိသူများက ဆုများ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် သည်။

 


အဆိုပါသင်တန်းကို ဇွန် ၁၃ ရက်မှ ဇူလိုင် ၈ ရက်အထိ       ဖွင့်လှစ်ခဲ့ပြီး  သင်တန်းသားစုစုပေါင်း     ၁၃၇ ဦး တက်ရောက်ကာ    ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်      အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းများကို   စာတွေ့ လက်တွေ့  ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။ 

 


ကချင်ပြည်နယ်အတွင်း   အမျိုးသား အဆင့် ကျန်းမာရေးနှင့်  ညီညွတ်သည့်  ဟိုတယ်တစ်လုံးနှင့် ဒေသဆိုင်ရာအဆင့် ကျန်းမာရေးနှင့်ညီညွတ်သည့်  ဟိုတယ် အလုံးပေါင်း ၄၀ ရှိကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   ရပ်တန့်မှုဖြစ်ပေါ်ခဲ့ သည့် ဟိုတယ်နှင့်    ခရီးသွားလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင်နိုင်ရေးတွက် ကျွမ်းကျင်မှုရှိသော      ဝန်ထမ်းများ မွေးထုတ်ပေးနိုင်ရေး  အစီအစဉ်အဖြစ် ယခုကဲ့သို့သင်တန်းများ  ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့်     ခရီးသွားညွှန် ကြားမှုဦးစီးဌာန မြစ်ကြီးနားရုံးခွဲမှ သိရ သည်။                
   

ခရိုင်(ပြန်/ဆက်)