
နေပြည်တော် မေ ၁၇
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်း ပြည့် စေတီတော်မြတ်ကြီး၌ ကချင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူး၍ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့သည့် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါ စေတီတော်မြတ်ကြီး ရင်ပြင်တော် ၌ ကျင်းပရာ မြစ်ကြီးနားမြို့ အောင်နန်း မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအာဒိစ္စ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်း အောင်ပွဲကို နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ကြသည်။ ထို့နောက် အောင်နန်း မဟာစည် သာသနာ့ရိပ်သာ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်များ ထံမှ မေတ္တသုတ်ပရိတ်တရား တော်များကို နာယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အလှူ ရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး အောင်နန်း မဟာ စည် သာသနာ့ရိပ်သာကျောင်း တိုက်ဆရာတော်ထံမှ အနုမော ဒနာတရားနာယူကြသည်။
ဆက်လက်၍ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် သံဃာတော် ၃၆ ပါးတို့အား တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များက ဆွမ်း ဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်