မြစ်ကြီးနားဘူတာယာဒ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေး ဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ ၄

မြန်မာပြည်မြောက်ဖျား မြန်မာ့မီးရထားလမ်းဆုံးဖြစ် သော  ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ရှိ  မြန်မာ့ မီးရထားဘူတာယာဒ်ဝန်းအား စီးပွားရေး၊ လူမှုရေး ဧရိယာတစ်ခုအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နိုင် ရေး ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော် ၏ မူဝါဒ၊ လမ်းညွှန်မှာကြားချက်များနှင့်အညီ မိမိတို့ အနေဖြင့်  ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတည်ရှိနေသည့် မြစ်ကြီးနားဘူတာရုံအား ပြည်နယ်၏ ကုန်သွယ်စီးပွားရေးရပ်ဝန်းတစ်ခုအဖြစ် ခေတ်နှင့်လျော်ညီပြီး   မြို့တော်အင်္ဂါရပ်နှင့်အညီ  အဆင့်မြှင့်တင် တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေး၍  အကောင်အထည်ဖော်  ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း  တိုက်တွန်းမှာကြားသည်။


ထို့နောက် ကချင်ပြည်နယ်  ရင်းနှီးမြှုပ်နှံမှုနှင့်               ဖွံ့ဖြိုးရေး  အများပိုင်ကုမ္ပဏီလီမိတက်  (KSID) တာဝန်ခံက မြစ်ကြီးနားဘူတာရုံယာဒ်ဝန်းအဆင့် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု    (PPP)   အဆိုပြု    စီမံကိန်း
လုပ်ငန်းနှင့်ပတ်သက်၍      ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပြုစီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်းအချက်အလက်များအပေါ် အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားဘူတာရုံသည် ပြည်နယ်၏ ကုန်သွယ်စီးပွားရေး အချက်အချာကျသည့်နေရာ တစ်ခုဖြစ်သည့်အတွက် အဆင့်မြှင့်တင်နိုင်ရေးကို   လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။


ပြည်နယ် (ပြန်/ဆက်)