
မြစ်ကြီးနား ဇူလိုင် ၁၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအပြင် ကုသရေးလုပ်ငန်းများကိုပါ တိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် မြစ်ကြီးနား ပညာရေးကောလိပ်၌ လေးထပ်စာသင်ဆောင်သစ်ကို ပိုးတွေ့လူနာများ သီးခြားစောင့်ကြည့်ရေးအဆောင်အဖြစ် ထားရှိနိုင် ရန် ပြင်ဆင်လျက်ရှိရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ ဇူလိုင် ၁၂ ရက် က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မြစ်ကြီးနားပညာရေးကောလိပ် လေးထပ်ဆောင် သစ်၌ ပိုးတွေ့လူနာများအား သီးခြားစောင့်ကြည့် ကုသပေးနိုင်ရေးအတွက် အဆောက်အအုံအတွင်း အခန်းများဖွဲ့စည်းမှု အခြေအနေ၊ ရေ၊ မီး၊ မိလ္လာစနစ် များ ကောင်းမွန်မှုရှိ/မရှိနှင့် အခန်းများအလိုက် လူနာ များထားရှိသွားနိုင်မည့် အခြေအနေများကို ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည် နယ်ကောင်စီအဖွဲ့ဝင် ဦးမျိုးဆွေ၊ ဦးတိန့်ဆောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် အဆောက်အအုံအတွင်း ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လူနာများအတွက် အသုံးအဆောင် ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကုသရေးလုပ်ငန်း ဆောင်ရွက် နေကြသည့် မြစ်ကြီးနား ပြည်သူ့ဆေးရုံမှ ဆရာဝန်၊ သူနာပြုများအတွက် ငွေကျပ် ၁၀ သိန်းကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ် ပြန်ချက်အရ ကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ ဇူလိုင် ၁၁ ရက်အထိ ပိုးတွေ့လူနာ စုစုပေါင်း ၂၁၅၆ ဦးနှင့် သေဆုံးသူ ၁၅ ဦးရှိကြောင်း သိရပြီး မြစ်ကြီးနားမြို့နယ်အတွင်း ဇူလိုင် ၁၁ ရက်အထိ ပိုးတွေ့လူနာစုစုပေါင်း ၂၆၇ ဦးနှင့် သေဆုံး သူ ၁၀ ဦးရှိကြောင်း ကချင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)