မြစ်ကြီးနား၊ လားရှိုးနှင့် တောင်ကြီးမြို့နယ်တို့တွင် ဘိန်းဖြူများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၁၉  


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနား မြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမကြီးအနီးတွင် အေးနိုင်လင်း မောင်းနှင် ပြီး မရူထု(ခ)အဘွတ် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၈ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ် လားရှိုး-မိုင်းယော်သွားကားလမ်း တာပုံကျေးရွာအုပ်စု တာပုံကျေးရွာအနီးတွင် အိုက်ပွင့် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့် ရှာဖွေရာ  ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုကိုလည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည်   တောင်ကြီးမြို့နယ် တောင်ကြီး-မိုင်းပျဉ်းသွားကားလမ်း     နန်းဟောင်းကျေးရွာအုပ်စု နောင်ပယ်ကျေးရွာအနီးတွင် ဖြိုးဝေကျော်(ခ)အောင်ဖြိုးဝင်း မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။                    

           ရဲပြန်ကြား