မစ္စတာ မူတာ့ဇ် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ် အား အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူ

 

နေပြည်တော်   မတ်   ၁၅


မစ္စတာ မူတာ့ဇ် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက်  အယ်လ်ဖာဟင်းမ် အား  ရန်ကုန်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ  အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံ (ယူအေအီး)  သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အာရပ်စော်ဘွားများ    ပြည်ထောင်စု နိုင်ငံ(ယူအေအီး)   အစိုးရ၏   အဆိုပြုချက်ကို   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူပြီးဖြစ်သည်။ 
မစ္စတာ မူတာ့ဇ် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ် ကို    ၁၉၇၉  ခုနှစ်၊   မေလ ၅ ရက်တွင်   မွေးဖွားခဲ့သည်။ ၎င်းသည် နယ်သာလန်နိုင်ငံ၊ လိုင်ဒင်တက္ကသိုလ်မှ  နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ကိုရရှိခဲ့ပြီး   ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာနသို့  ၂၀၀၃ ခုနှစ်တွင်  စတင်ဝင်ရောက်ခဲ့သည်။   တာဝန်ထမ်းဆောင်မှုများအဖြစ် ၂၀၀၄ ခုနှစ်မှ  ၂၀၀၉ ခုနှစ်အထိ    နယ်သာလန်နိုင်ငံ၊   သည်ဟိဂ်မြို့ရှိ ယူအေအီးသံရုံးတွင်လည်းကောင်း၊  ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ  ပိုလန်နိုင်ငံ၊ ဝါဆောမြို့ရှိ ယူအေအီး သံရုံးတွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးရာနှင့်  အပြည်ပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဌာနတွင်လည်းကောင်း၊ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ယူအေအီးနိုင်ငံ  နိုင်ငံခြားရေးဝန်ကြီးဌာန၊    ဘဏ္ဍာရေးနှင့်  အုပ်ချုပ်ရေးဌာနတွင် လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ယူအေအီးသံရုံးတွင်လည်းကောင်း၊  ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊   အရှေ့အာရှနှင့် ပစိဖိတ် ဌာနတွင်လည်းကောင်း  တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ်မှ ယနေ့အချိန်အထိ ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့ အာရှနှင့်ပစိဖိတ်ဌာနတွင်  ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ 
မစ္စတာ မူတာ့ဇ်  အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ် သည်   အိမ်ထောင်ရှိပြီး သားနှစ်ဦး ထွန်းကားသည်။                                           

သတင်းစဉ်