
နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ မန်ဂျူရူလ် ကရင်လ်ခမ်ချောင်ဒရီနေရာတွင် မစ္စတာ မိုဟာမက် မွန် (န)ဝါ ဟူစိန်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီးဖြစ်သည်။
မစ္စတာ မိုဟာမက် မွန်(န)ဝါ ဟူစိန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာ့ဂျ်ရှာဟီမြို့ (Rajshahi)၌ ၁၉၇၀ ပြည့်နှစ် မတ်လ ၁၀ ရက်တွင် မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆေးပညာကောလိပ်မှ ဆေးပညာဘွဲ့ကိုလည်းကောင်း၊ ၂၀၀၅ ခုနှစ်တွင် ဗြိတိန်နိုင်ငံ လန်ဒန်တက္ကသိုလ်မှ ကျန်းမာရေး မူဝါဒ၊ စီမံကိန်းရေးဆွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ကို လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာ တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးမြှင့်တင်ရေး ဆက်သွယ်မှုဆိုင်ရာ ပါရဂူဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။
၎င်းသည် ၂၀၀၁ ခုနှစ်မှစတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၁ ခုနှစ် မေလမှ ၂၀၀၅ ခုနှစ် မေလအထိ လက်ထောက်အတွင်းဝန် အဖြစ်လည်းကောင်း၊ ၂၀၀၆ ခုနှစ် ဩဂုတ်လ မှ ၂၀၀၈ ခုနှစ် မေလ အထိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး တွင် ဒုတိယအတွင်းဝန်/ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ် ဇွန်လမှ ၂၀၁၁ ခုနှစ် ဇူလိုင်လအထိ စင်ကာပူနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်မဟာမင်းကြီးရုံးတွင် ပထမအတွင်းဝန်/ သံမှူးအဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ် ဇွန်လမှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး ချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သည်။
မစ္စတာ မိုဟာမက် မွန်(န)ဝါ ဟူစိန်သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ မှ လက်ရှိအချိန်အထိ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလား ဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် ဒုတိယအမြဲတမ်းကိုယ်စား လှယ်/ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားတစ်ဦး ရှိသည်။
သတင်းစဉ်