
မဘိမ်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက် အအုံသစ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြည်သူများအား အဆင်ပြေ လွယ်ကူစေရေးအတွက် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ သည်။
မဘိမ်းမြို့နယ်အတွင်း ပြည်သူများအား ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့ တွင် ပြည်သူ ၃၃ဝ အား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ ၁၂၅၃၁ ဦးနှင့် ပထမအကြိမ် ကာကွယ် ဆေးထိုးနှံပြီးသူ ၁၆၇၈၅ ဦး စုစုပေါင်း ၂၉၃၁၆ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိ သူများကိုလည်း ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)