မအူပင်မြို့နယ်အတွင်းရှိ ဝါဆိုဝါကပ် သီတင်းသုံးတော်မူကြသော  သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်

မအူပင်   စက်တင်ဘာ   ၁၃


ဧရာဝတီတိုင်းဒေသကြီး  မအူပင်ခရိုင် မအူပင်မြို့နယ် အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော် များနှင့်   သီလရှင်  ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်နှင့်  လှူဖွယ်ဝတ္ထုများ  ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁၁ ရက် မွန်းတည့် ၁၂ နာရီက ရွှေကျင်ကျောင်းတိုက် ဓမ္မာရုံ အတွင်း ကျင်းပခဲ့သည်။ 


လှူဒါန်း


အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မအူပင်ခရိုင် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လွင်နှင့် အဖွဲ့ဝင် များ၊  မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့်   စေတနာရှင်  အလှူရှင်များ တက်ရောက်လှူဒါန်းခဲ့ကြသည်။ 


မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ဘုန်းတော်ကြီး ကျောင်း ၃၈၇ ကျောင်း၊   သီလရှင်ကျောင်း ၄၇ ကျောင်း၊ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင် ဆရာကြီး၊ ဆရာလေး စုစုပေါင်း ၂၇၁၅ ပါးရှိပြီး စုစုပေါင်းတန်ဖိုးငွေကျပ် ၂၀၇ သိန်းရှိ ဆွမ်းဆန်တော်၊ ဆီ၊   ဆား၊  ပဲများနှင့်  လှူဖွယ်ဝတ္ထုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။ 


 အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)