မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန်ပြပွဲကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၂၆


မဲခေါင်ဒေသတွင်းနိုင်ငံများ     ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆန်းသစ်တီထွင်မှုနှင့် လူငယ်စွန့်ဦးတီထွင် ခြင်းဆိုင်ရာ   နှီးနှောဖလှယ်ပွဲနှင့်  ထုတ်ကုန်ပြပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Aster Villa ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာ   ချာလီသန်း၊     ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊      ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊    အသေးစား၊ အငယ်စားနှင့်  အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ပြီး  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihon နှင့်   မဲခေါင်ဒေသတွင်း  နိုင်ငံများမှ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များသည် Virtual စနစ်ဖြင့် တက်ရောက်သည်။

 


အဓိကကုန်သွယ်မှုလမ်းကြောင်း


ဦးစွာ  ပြည်ထောင်စုဝန်ကြီးက  မဲခေါင်မြစ်သည် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ အပါအဝင် နိုင်ငံပေါင်း ခြောက်နိုင်ငံကို ဖြတ်သန်းစီးဆင်းနေသည့် နယ်နိမိတ်ဖြတ် မြစ်တစ်ခု ဖြစ်၍ တောင်တရုတ်နှင့်  အရှေ့တောင်အာရှဒေသ ကို     ဆက်သွယ်ပေးသည့်    အဓိကကုန်သွယ်မှု လမ်းကြောင်းဖြစ်ကြောင်း၊    မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်စေပြီး ဒေသ တွင်း  နိုင်ငံများ၏  စီးပွားရေးနှင့်လူမှုရေး   ဖွံ့ဖြိုး တိုးတက်မှုကို    မြှင့်တင်ရာတွင်   များစွာအရေးပါ ကြောင်း၊ ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို ကျဉ်းမြောင်း စေခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအားလုံး၏ သုခချမ်းသာကို မြှင့်တင်ပေးနိုင်ပြီး    အတူတူ     မျှဝေခံစားနိုင်မည့် သာယာဝပြောသည့်   အနာဂတ်အသိုက်အဝန်းကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း။

 


ဈေးကွက်ချဲ့ထွင်


ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ယခင်ဆွေးနွေးပွဲ များ၏   တုံ့ပြန်မှုနှင့်   ရလဒ်များအပေါ်မူတည်ပြီး အသေးစား၊  အငယ်စား၊  အလတ်စား  စီးပွားရေး လုပ်ငန်းများအား   ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု နှင့် E-Market Platform ကို ကျယ်ပြန့်စွာ အသုံးပြု နိုင်စေရေးအတွက် အသိပညာမျှဝေခြင်းအစီအစဉ် များ ပါဝင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေ ဖြင့် E-Market Platform ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပြီး အဆင်သင့်ဖြစ်သည့်အချိန် တွင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း ၁၀၀ ခန့်၏ ထုတ်ကုန်ပစ္စည်းများကို ပြသ ရောင်းချခွင့်ရရှိမည်ဖြစ်၍   Digital Platform  ကို အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်နိုင်မည်ဖြစ်ကြောင်း၊ အသေးစား၊  အငယ်စား၊  အလတ်စား  စီးပွားရေး လုပ်ငန်းများ  ပိုမိုထည့်သွင်းပြသရောင်းချနိုင်ရေး အတွက် ဆက်လက်စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ    မြှင့်တင်ရေး ကိုလည်း    အလေးထားဆောင်ရွက်သွားမည်     ဖြစ် ကြောင်း၊ ယခုနှီးနှော ဖလှယ်ပွဲမှ အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အကျိုးရှိ ထိရောက်သော အတတ်ပညာ၊ အသိပညာ များရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 


အားပေးကြည့်ရှုစစ်ဆေး 


ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ Minister Counselor ဖြစ်သူ Dr. Zheng Zhihon က မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက်   ဆောင်ရွက်ခဲ့မှု၊   နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို အသီးသီးရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက E-Market Place for Myanmar Products Platform  အား  စတင် အသုံးပြုကြောင်း ကြေညာပြီး ထုတ်ကုန်ပြခန်းများကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးသည်။

 


မဲခေါင်ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရန် အတွက်    ဆန်းသစ်တီထွင်မှုနှင့်    လူငယ်စွန့်ဦး တီထွင်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲနှင့် ထုတ်ကုန် ပြပွဲကို နိုဝင်ဘာ ၂၆ ရက်မှ  ၂၈ ရက်အထိ သုံးရက် ကြာ ကျင်းပမည်ဖြစ်ပြီး အဆိုပါနှီးနှောဖလှယ်ပွဲတွင် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များမှ ၎င်းတို့ဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံ၊ ဗဟုသုတ၊ အသိပညာ၊ နည်းပညာရပ်များကို ဆွေးနွေးကြမည်ဖြစ်သည်။

 


မဲခေါင်-လန်ချန်းဒေသမှ  လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအကြား      ဆွေးနွေးပွဲမှတစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ရာကိစ္စရပ်များနှင့်     တီထွင် ဆန်းသစ်မှုဆိုင်ရာကိစ္စရပ်များ    သိမြင်လာစေရန်၊ တရုတ်နိုင်ငံအပါအဝင် ကမ္ဘောဒီးယားနိုင်ငံ၊ လာအို နိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ လူငယ်လုပ်ငန်းရှင်များ အချင်းချင်းချိတ်ဆက်မိစေ ရန်၊ မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများ၏ အစိုးရ နှင့်ပုဂ္ဂလိက ကဏ္ဍအချင်းချင်း အသိပညာဝေမျှနိုင်စေ ရန်၊ ဆန်းသစ်တီထွင်မှုအလေ့အထကောင်းများကို လူငယ်များကြား ပေါ်ပေါက်လာစေရန်၊ E-Market Place     ကဲ့သို့သော   နည်းပညာများအသုံးပြု၍ ဆန်းသစ်တီထွင်မှု အလေ့အထများ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့်   ဈေးကွက်ကို   လွယ်ကူလျင်မြန်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန်  ရည်ရွယ်ကျင်းပခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။                

သတင်းစဉ်