မဲခေါင်-လန်ချန်းဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ တီထွင်မှုဖွံ့ဖြိုးရေးအလုပ်ရုံဆွေးနွေး

 

ရန်ကုန်   စက်တင်ဘာ   ၇


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် ဆောင်ရွက်သော ‘‘လန်ချန်း-မဲခေါင်ဒေသရှိ စွန့်ဦးတီထွင်စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးမှုအတွက် နည်းပညာလွှဲပြောင်းမှု လျင်မြန်စေရေး ဌာနတည်ဆောက်ခြင်း’’ စီမံကိန်းအတွက် မဲခေါင်-လန်ချန်းဒေသတွင်း  နည်းပညာလွှဲပြောင်းပေးခြင်း ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၆ ရက်က မင်္ဂလာတောင်ညွန်မြို့နယ်  Wyndham Grand  ဟိုတယ်၌ ကျင်းပသည်။
 

အခမ်းအနားတွင်    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong (ဒေါက်တာ ကျန်းကျီဟွန်း)နှင့်        နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက  အမှာစကား  ပြောကြားသည်။
အမျိုးသားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ သုတေသန လုပ်ငန်းများသည် အဓိကမောင်းနှင်အားဖြစ်သော ကြောင့် တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်း များသည် နည်းပညာဖွံ့ဖြိုးမှုနှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးသော အရင်း အမြစ်ဌာနကြီးများဖြစ်၍ ကောင်းမွန်သော ဆန်းသစ် တီထွင်မှုသုတေသနရလဒ်များကို ဓာတ်ခွဲခန်းအဆင့် မှ ဈေးကွက်ဝင် စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် အဆင့် သို့ ရောက်ရှိအောင်  မဲခေါင်-လန်ချန်း  နိုင်ငံများ အချင်းချင်း နည်းပညာလွှဲပြောင်းမှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းများ၊ အကောင်းဆုံးအလေ့အကျင့် များ မျှဝေဖလှယ်ကြကာ စွန့်ဦးတီထွင် ဂေဟစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်   ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ကမ္ဘောဒီးယား နိုင်ငံ၊ တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့မှ  သိပ္ပံနှင့်နည်းပညာဆိုင်ရာ   သုတေသနနှင့် ဆန်းသစ်တီထွင်မှုဌာနများ၊ တက္ကသိုလ်များ၊ စိုက်ပျိုး ရေးသုတေသနဌာန၊     အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးဌာနနှင့် ဉာဏပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဌာန အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက နည်းပညာ လွှဲပြောင်းရေးဆိုင်ရာ    စီမံဆောင်ရွက်နေမှုများ၊ လုပ်ထုံးလုပ်နည်းများ၊   တီထွင်ဖန်တီးသူ သုတေသန ပညာရှင်များအတွက် ချီးမြှင့်ငွေပေးခြင်း၊ သုတေသန ရန်ပုံငွေထားရှိခြင်း၊   စွန့်ဦးတီထွင်သူများအတွက် အခွင့်အလမ်းများ၊   အစိုးရသုတေသနဌာနများ၊ တက္ကသိုလ်များနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုများ   စသည်တို့နှင့်  သက်ဆိုင်သော အကြောင်း အရာများကို စက်တင်ဘာ ၆ ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံ  ကုန်သည်စက်မှုအသင်းချုပ်မှ ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များ၊  မဲခေါင်-လန်ချန်းနိုင်ငံများမှ ကိုယ်စား လှယ်များက နှစ်ရက်ကြာ  ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)