
နေပြည်တော် နိုဝင်ဘာ ၂၉
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည် ဖော်ခဲ့သည့် ပင်းတယမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံနှင့် အသိပညာပေးစင်တာ ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ပင်းတယမြို့၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရှမ်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ဒုတိယ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဝင်းဇေယျာထွန်း၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာဇမ်ဇီဟုမ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီး၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌတို့က သိုလှောင်ရုံ နှင့် အသိပညာပေးစင်တာကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြ သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးမှ သံမှူးကြီးနှင့် မဲခေါင်- လန်ချန်း ပူပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)ဒုတိယဥက္ကဋ္ဌတို့က မြို့နယ် သိုလှောင်ရုံနှင့် အသိပညာပေး စင်တာရုံးဆိုင်းဘုတ်ကို စက် ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာ သူများက ကမ္ပည်းမှတ်တမ်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယ ဥက္ကဋ္ဌတို့က အမှာစကားပြောကြား ကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး ဒေါက်တာဇမ်ဇီဟုမ် တို့က အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ်ကြပြီး ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် အဖွဲ့ဝင်များသည် လူမှု ဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထား သော ပင်းတယမြို့ မူလတန်းကြို ကျောင်းသို့ ရောက်ရှိကြရာ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူး နှင့် တာဝန်ခံကျောင်းအုပ်တို့က ကလေး ၁၀၀ အား လက်ခံသင်ကြား ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ကျောင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်