မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဋ္ဌမမြောက်အားမာန်

Type
4

 

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုဆောင်းပါး

ထက်ထက်အောင် MLC-NCU (Myanmar)

ယနေ့  ကမ္ဘာ့နိုင်ငံများသည်  ခေတ်မီနည်းပညာ ဆက်သွယ်ချိတ်ဆက်မှုကွန်ရက်များ  အချိန်နှင့် တစ်ပြေးညီ       ဖြန့်ကြက်လွှမ်းမိုးလျက်ရှိသော ကမ္ဘာ့အသိုက်အဝန်းကြီးတစ်ခုအသွင်ဖြင့်     သမိုင်း စာမျက်နှာသစ်ဖွင့်လှစ်၍  ဖွဲ့စည်းဖြစ်တည်လျက် ရှိကြပြီး       သမားရိုးကျစိန်ခေါ်မှုများဖြစ်သည့် နိုင်ငံရေးအားပြိုင်မှုများ၊ နည်းပညာယှဉ်ပြိုင်မှုများ၊ ကမ္ဘာ့စီးပွားရေးဈေးကွက်ချဲ့ထွင်မှုများ၊ သဘာဝ သယံဇာတစိန်ခေါ်မှုများအပြင် သမားရိုးကျမဟုတ် သည့် စိန်ခေါ်မှုများဖြစ်သည့် ကူးစက်မြန်ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု နှင့် လူကုန်ကူးမှုကဲ့သို့သော ပြဿနာရပ်များကိုပါ ရင်ဆိုင်ကြုံတွေ့လျက်ရှိပါသည်။ ထိုသို့ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော စိန်ခေါ်မှုများနှင့်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း ရာတွင် ကမ္ဘာ့နိုင်ငံများသည် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒများအတွင်း မိတ်ဖက်နိုင်ငံများ နှင့်       ပူးပေါင်းဆောင်ရွက်ရေး   မူဝါဒများကို မဟာဗျူဟာကျကျ ထည့်သွင်းချမှတ်လာခဲ့ကြပြီး ပေါင်းစည်းအင်အားဖြင့်      ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလာခဲ့ကြသည်ကို တွေ့ရှိရပါသည်။ 
ကမ္ဘာ့နိုင်ငံများအကြား  ရေမြေနယ်နိမိတ်ထိစပ် ဖြစ်တည်မှုအပေါ်         အခြေခံ၍လည်းကောင်း၊ နိုင်ငံရေးမူဝါဒရပ်တည်ချက်များ     တူညီမှုအပေါ် အခြေခံ၍လည်းကောင်း၊ သမိုင်းစဉ်တစ်လျှောက် ထားရှိခဲ့သည့်      မိတ်ဖက်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း၍လည်းကောင်း၊ စီးပွားရေး အကျိုးတူ      ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံ၍လည်းကောင်း မိတ်ဖက်နိုင်ငံများအဖြစ် အပြန်အလှန်       အကျိုးပြုရပ်တည်ကြသည်ကို တွေ့ရှိရပါသည်။    ထိုသို့    မိတ်ဖက်ပြုပူးပေါင်း ဆောင်ရွက်ရာတွင်   ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့်   ဖွံ့ဖြိုးဆဲနိုင်ငံများအကြား  ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချ၍ သာတူညီမျှဖွံ့ဖြိုး တိုးတက်ရေးကိုဦးတည်သော ပူးပေါင်းဆောင်ရွက်မှု မူဝါဒသည်   နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအကြား ဦးစားပေး မူဝါဒတစ်ရပ်အဖြစ် ပါဝင်လာသည်ကို ထင်ရှားစွာ တွေ့မြင်ရပါသည်။  
မြန်မာနိုင်ငံနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု 
မြန်မာနိုင်ငံသည်   ဒေသတွင်းရှိ  အိမ်နီးချင်း နိုင်ငံများနှင့်    သမိုင်းစဉ်တစ်လျှောက်    ရှိနှင့်ပြီး ဖြစ်သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို စဉ်ဆက်မပြတ် ထိန်းသိမ်း၍ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် ချစ်ကြည်ရင်းနှီး မှု၊   အပြန်အလှန်လေးစားမှု၊   ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မှု၊       အပြန်အလှန်ယုံကြည်မှု၊ သာတူညီမျှရှိမှု  စသည့်မူများအပေါ်  အခြေခံကာ တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိပါသည်။ ထို့အတူ ဖွံ့ဖြိုးဆဲ    နိုင်ငံတစ်နိုင်ငံအနေဖြင့်   ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှရရှိသည့် ဖွံ့ဖြိုးတိုးတက် မှုအခွင့်အလမ်းများကို     အကျိုးရှိစွာအသုံးချ၍ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးတို့ကို တစ်ပြိုင်နက်ဖော်ဆောင်နိုင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘာလုံး ဆိုင်ရာ    ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်   (Global Development   Initiative)၊   ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအစဉ် (Global Security Initiative) နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအစဉ် (Global Civilization  Initiative)  စသည်တို့တွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ 
မြန်မာနိုင်ငံနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
မဲခေါင်  -  လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု (Mekong-Lancang Cooperation – MLC) သည်  ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအနက် ပူးပေါင်းဆောင်ရွက်မှု သက်တမ်းအနုဆုံး ဖြစ်သော်လည်း ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ဖော်ဆောင်မှုမြန်ဆန်သည့်       အောင်မြင်သော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ဟိုင်နန် ပြည်နယ် ဆန်းယမြို့၌ “Shared River, Shared Future” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု   နိုင်ငံ့ ခေါင်းဆောင်များ   အစည်းအဝေးတွင်   ဆန်းယ ကြေညာစာတမ်း  (Sanya  Declaration)  ကို ထုတ်ပြန်ကြေညာ၍  တရားဝင်စတင်ထူထောင် ခဲ့ပါသည်။
စတင်ထူထောင်သည့်အချိန်မှစ၍  ဒေသတွင်း နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသ တွင်း    မှီတင်းနေထိုင်ကြသော  ပြည်သူများ၏  လူမှုဘဝသာယာဝပြောရေး၊   အဖွဲ့ဝင်နိုင်ငံများ အကြား    ဖွံ့ဖြိုးတိုးတက်မှု  ကွာဟချက်များကို လျှော့ချရေး၊ အာဆီယံအသိုက်အဝန်းတည်ထောင်မှု ကို       အထောက်အကူပြုရေး၊     ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၂၀၃၀ ကို တိုးမြှင့်အကောင်အထည်ဖော်ရေးနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ရေး စသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှု၏   အဓိကရည်ရွယ်ချက်များကို   ဦးတည်ကာ တက်ညီလက်ညီဖြင့် အရှိန်အဟုန်မပျက် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ 
ထိုနည်းတူစွာ   မဲခေါင် - လန်ချန်း  ပူးပေါင်း ဆောင်ရွက်မှု၏ အခြေခံမူများဖြစ်သည့် တူညီဆန္ဒ (Consensus)၊ ညီတူညီမျှရှိမှု (Equality)၊ အပြန် အလှန် ညှိနှိုင်းဆောင်ရွက်မှု (Mutual Consultation and Coordination)၊ မိမိဆန္ဒအလျောက်ပါဝင်မှု (Voluntarism)၊     စုပေါင်းပါဝင်ဆောင်ရွက်မှု (Common Contribution)၊   အကျိုးအမြတ်များ မျှဝေခံစားမှု (Shared Benefits)၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့်   နိုင်ငံတကာဥပဒေများကို လေးစားမှု (Respect for UN Charter and International Laws) တို့နှင့်အညီ ခေါင်းဆောင်များ ၏  လမ်းညွှန်မှုနှင့်  အစိုးရကဦးစီးမှု  (Leaders’ Guidance and Government-Guided)၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုနှင့်   ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်မှု (All-Round Cooperation and Broad   Participation)  နှင့်  စီမံကိန်းဦးစားပေး ပူးပေါင်းဆောင်ရွက်မှုပုံစံ    (Project-Oriented Model) တို့ဖြင့်  စနစ်တကျ  ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။ 
ယခုအခါ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုသည် စဉ်ဆက်မပြတ်သော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များဖြင့် (၈) နှစ်တာ ကာလသို့တိုင် ရောက်ရှိ လာပြီဖြစ်ပါသည်။ 
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ 
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုပုံရိပ်နှင့် ရလဒ်များ
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း များအား နိုင်ငံရေးနှင့် လုံခြုံရေး (Political and Security Issues)၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Economic and Sustainable Development) နှင့်  လူမှုရေး၊  ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံ ရေး (Social, Cultural and People-to-People Exchanges) ဟူသည့် မဏ္ဍိုင် (၃) ရပ် အောက်တွင် ဦးစားပေးကဏ္ဍ(၅)ခုဖြစ်သည့် ပေါင်းစည်းဆက်နွှယ် မှု (Connectivity)၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု   (Production  Capacity Cooperation)၊   နယ်စပ်ဖြတ်ကျော်  စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ် (Water Reso-urces) နှင့် စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချ ရေး (Agriculture and Poverty Reduction) စသည့်ကဏ္ဍများတွင်   စီမံကိန်းများ  လက်တွေ့ အကောင်အထည်ဖော်      ဆောင်ရွက်ခဲ့ပါသည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို မဏ္ဍိုင်(၃)ရပ်နှင့်     ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ (၅) ခုကို ကိုယ်စားပြုကာ 3+5 Framework  အဖြစ် သတ်မှတ်ခဲ့ပါသည်။
မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု၏ ပထမဆုံး (၅) နှစ်တာ လုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၂၂) (MLC Five-Year Plan of Action 2018-2022) ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပခဲ့သည့် ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု  နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးတွင် အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ ယင်း (၅) နှစ်တာ လုပ်ငန်းအစီအစဉ်တွင် မူလပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ(၅)ခု၌   ဘဏ္ဍာရေး၊   သစ်တော၊  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊          အကောက်ခွန်၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာ ရေး၊ သတင်းမီဒီယာနှင့် လျှပ်စစ်စွမ်းအင် စသည့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ် (၁၀) ခုကို ထပ်မံ ထည့်သွင်းကာ      ယခင်ပူးပေါင်းဆောင်ရွက်မှု မူဘောင်   3+5   Framework   အစား  3+5+X Framework အဖြစ် တိုးချဲ့၍ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို မြှင့်တင်ခဲ့ပါသည်။ 
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်     ဆောင်ရွက် နိုင်ရေးအတွက် တရုတ်နိုင်ငံက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (MLC Special Fund) ကို အမေရိကန်ဒေါ်လာသန်း ၃၀၀ ဖြင့် လည်းကောင်း၊ အတိုးနှုန်းသက်သာသော ချေးငွေ (Concessional Loan) ကို ယွမ် ၁၀  ဘီလီယံဖြင့် လည်းကောင်း၊ အခြားချေးငွေ (Credit Line) ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံဖြင့်လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ (South-South Cooperation Fund) ကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်လည်းကောင်း အသီးသီး မတည်ထူထောင်ပေးမည်ဖြစ်ကြောင်း ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှု    နိုင်ငံ့ခေါင်းဆောင်များ  အစည်းအဝေးတွင် ကြေညာခဲ့ပြီး ရန်ပုံငွေ (၄) ရပ်ကို မတည်ထူထောင် ပေးခဲ့ပါသည်။    အဆိုပါ   ရန်ပုံငွေ(၄)ရပ်အနက် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေဖြင့် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့တွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ အကျိုးပြုစီမံကိန်း ၇၈၀ ကျော်ကို ၂၀၁၇ ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ပြီး ဒေသတွင်းမှီတင်းနေထိုင်ကြသည့် ပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု ရလဒ်များစွာကို ဖော်ဆောင်နိုင်ခဲ့ပါသည်။ 
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ စုစုပေါင်းအမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်းတန်ဖိုးရှိ စီမံကိန်း ၁၀၆ ခုကို  အကောင် အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး စီမံကိန်းများ၏ ၅၀ ရာခိုင်နှုန်းမှာ အောင်မြင်စွာ ဆောင်ရွက်ပြီးစီး ခဲ့ပြီးဖြစ်ကာ ကျန်စီမံကိန်းများမှာလည်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေးထုတ်ကုန်နှင့် နည်းပညာများမြှင့်တင် ရေး၊ ရေအရင်းအမြစ်ထိန်းသိမ်းရေးနှင့် သန့်ရှင်း သော  သောက်သုံးရေရရှိရေး၊   ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေး၊ နည်းပညာအသုံးချမှု မြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ပြည်သူ့ကျန်းမာရေး၊  ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး  စသည့်ကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အထူး ရန်ပုံငွေစီမံကိန်းများသည်   ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို      များစွာ အထောက်အကူပြုသည့် စီမံကိန်းများဖြစ်ပါကြောင်း အသိအမှတ်ပြု ဖော်ပြအပ်ပါသည်။ 
ထို့အတူ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုလုပ်ငန်းများ ကဏ္ဍအလိုက် စနစ်တကျလည်ပတ် နိုင်ရေးအတွက် မဲခေါင်-လန်ချန်း တရားဥပဒေစိုးမိုး ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (Mekong-Lancang Integrated Law Enfor-cement and Security Cooperation Center) ကို တရုတ်နိုင်ငံ ကူမင်းမြို့၌လည်းကောင်း၊ မဲခေါင်-လန်ချန်း   ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာန (Mekong-Lancang Water Resources Cooperation Center-MLWRCC) ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ လည်းကောင်း၊ မဲခေါင်-လန်ချန်း သဘာဝပတ်ဝန်းကျင်  ပူးပေါင်းဆောင်ရွက်မှုဗဟို ဌာန  (Mekong-Lancang   Environmental Cooperation Center-MLECC) ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌လည်းကောင်း၊ မဲခေါင်ဒေသဆိုင်ရာ လေ့လာရေးစင်တာ (Global Center for Mekong Studies-GCMS)   ကို    ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌လည်းကောင်း၊ မဲခေါင်-လန်ချန်း လုပ်ငန်းခွင်ပညာရေးနှင့်   လေ့ကျင့်ရေးဗဟိုဌာန (MLC Vocational Educational and Training Center-MLVETC)   ကို   ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌လည်းကောင်း၊ မဲခေါင်-လန်ချန်း စိုက်ပျိုးရေး       ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (Mekong-Lancang Agricultural Cooperation Center-MLACC) ကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ လည်းကောင်း၊ မဲခေါင်-လန်ချန်း လူငယ်များနှီးနှော ဖလှယ်ရေးဗဟိုဌာန (Mekong-Lancang Youth Exchange Center-MLCYEC) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌လည်းကောင်း အသီးသီးဖွင့်လှစ်ခဲ့ပြီး ကဏ္ဍတစ်ခုချင်းစီအလိုက် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ 
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် (၈) နှစ်တာကာလအတွင်း ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြင့်မား၍ သိသာထင်ရှားသည့် ပူးပေါင်း ဆောင်ရွက်မှုရလဒ်များကို   ဖော်ဆောင်နိုင်ခဲ့သည့် အတွက်  ကမ္ဘာ့နိုင်ငံများ၊  ဒေသတွင်းနိုင်ငံများနှင့် အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများ၏ အသိအမှတ်ပြုမှု ကိုရရှိခဲ့သည့် အောင်မြင်သော ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှု    လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါသည်။ 
မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ပူးပေါင်း 
ဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခြင်း
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင်  ကျင်းပခဲ့သော  တတိယအကြိမ် မဲခေါင်-လန်ချန်း    ပူးပေါင်းဆောင်ရွက်မှု  နိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေးတွင်   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲ ဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံထံမှ လွှဲပြောင်းလက်ခံခဲ့ ပါသည်။ မြန်မာနိုင်ငံမှ အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်ကာလအတွင်း    အမြဲတမ်းပူးတွဲ ဥက္ကဋ္ဌ   တရုတ်နိုင်ငံနှင့်အတူ  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သံတမန်များပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေး (၃) ကြိမ်၊  မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (၃) ကြိမ်နှင့်အတူ (၆) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးကို    ၂၀၂၁   ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တရုတ်နိုင်ငံ ချုံချင့်မြို့၌ လည်းကောင်း၊ (၇) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ တွင်   မြန်မာနိုင်ငံ  ပုဂံမြို့၌လည်းကောင်း၊  (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ၂၀၂၃ ခုနှစ်  ဒီဇင်ဘာလ ၇  ရက်နေ့တွင်  တရုတ်နိုင်ငံ ပေကျင်းမြို့၌   လည်းကောင်း၊  (၄) ကြိမ်မြောက် မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု   နိုင်ငံ့ ခေါင်းဆောင်များ အစည်းအဝေးကို  ၂၀၂၃  ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ နေပြည်တော် ၌ Video Conferencing ဖြင့်လည်းကောင်း အသီးသီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများတွင်      ပူးပေါင်း ဆောင်ရွက်မှု ရလဒ်မှတ်တမ်းများအဖြစ် ထုတ်ပြန် ချက်များနှင့် အစီရင်ခံစာများကို အသီးသီးထုတ်ပြန် ကြေညာခဲ့ရာတွင်   (၄)  ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင် များအစည်းအဝေး၌   နေပြည်တော်  ကြေညာ စာတမ်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၅) နှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) နှင့် မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု   တီထွင် ဆန်းသစ်မှုစင်္ကြံဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ် တို့ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ 
သို့ဖြစ်ရာ မြန်မာနိုင်ငံမှ ပူးတွဲဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေး၊ ဒေသဆိုင်ရာ အစိုးရ/ အုပ်ချုပ်ရေးအဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်ရေး၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊      ကုန်သွယ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး၊     လူ့အဖွဲ့ အစည်းများအကြား   အပြန်အလှန်  သင်ယူမှုနှင့် အမြင်ချင်းဖလှယ်မှုတိုးမြှင့်ရေးနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုစင်္ကြံဖွံ့ဖြိုးတိုးတက်ရေး စသည့် ကဏ္ဍများတွင် ဦးစားပေးပူးပေါင်းဆောင်ရွက်ခဲ့ပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်များ ကို အရှိန်အဟုန်မြှင့်တင်နိုင်ခဲ့ပါကြောင်း မှတ်တမ်း တင် ဖော်ပြအပ်ပါသည်။ 
မဲခေါင်-လန်ချန်း      ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် လာမည့်ကာလများတွင် ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေးကြွေးကြော်သံ (Development First) ဆောင်ပုဒ်နှင့်အညီ မျှဝေသောအနာဂတ်နှင့်အတူ ပိုမိုနီးကပ်သည့် အသိုက်အဝန်းတစ်ခု ထူထောင် သွားရေး၊  ပိုမိုချိတ်ဆက်နိုင်မည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုစင်္ကြံတစ်ခု   တည်ဆောက်သွားရေး၊ ပိုမိုစိတ်ချလုံခြုံ၍ ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင် တစ်ခု    တည်ဆောက်သွားရေး၊   ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုးတိုးတက်မှု    အလားအလာကောင်း များသို့   ဦးတည်လှုပ်ရှားရေး၊   ပိုမိုထူးခြားသည့်  ဝိသေသလက္ခဏာရပ်များဖြင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့်     ပြည်သူအချင်းချင်း  ထိတွေ့ဆက်ဆံမှုများကို ထိရောက်စွာ ဆောင်ရွက် သွားရေးနှင့် အလုံးစုံပါဝင်သော ပူးပေါင်းဆောင်ရွက် မှုကို  တိုးမြှင့်ဖော်ဆောင်သွားရေးတို့ကို   ဦးစားပေး လုပ်ငန်းရပ်များအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်သဖြင့်   မြန်မာနိုင်ငံအပါအဝင်  မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများရှိ ပြည်သူများအတွက် များစွာအကျိုးကျေးဇူးများ      ခံစားရမည်ဖြစ်ပါ ကြောင်း ဝမ်းမြောက်စွာဖြင့် ဖော်ပြအပ်ပါသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ၏ ဆောင်ရွက်ချက်များ
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း များ   အဆင်ပြေချောမွေ့စွာ  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများတွင် အတွင်းရေးမှူးရုံးများ/ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ရုံး များ  ဖွင့်လှစ်ထားရှိရန်   ဒုတိယအကြိမ်   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးတွင် သဘောတူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ကို ၂၀၁၇ ခုနှစ် မေလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါ သည်။  မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ၏ ရုံးအဆောက် အအုံကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၀) နှင့် ပြည်ထောင်စုရန်ပုံငွေ ထည့်ဝင်မှုတို့ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန ပရဝဏ်အတွင်းတွင် တည်ဆောက်ခဲ့ပြီး အဆောက်အအုံဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဇူလိုင်လ   ၄   ရက်နေ့က   မြန်မာနိုင်ငံ   ပုဂံမြို့၌ ကျင်းပသည့် (၇)  ကြိမ်မြောက်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း   ကျင်းပပြုလုပ်ခဲ့ပါ သည်။ 
မဲခေါင်-လန်ချန်း    ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)၏ အဓိကတာဝန် များမှာ စီမံကိန်းများ စနစ်တကျအကောင်အထည် ဖော်ဆောင်ရေးနှင့်          ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ  အဆင်ပြေချောမွေ့စွာ လည်ပတ် ရေးအတွက် စီမံကိန်းအကောင်အထည်ဖော်သည့် ဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့်  အဖွဲ့ဝင်နိုင်ငံများ အကြား ညှိနှိုင်းဆောင်ရွက်ပေးရန်၊ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝန်ကြီးဌာန များအား မူဝါဒပိုင်းဆိုင်ရာ အထောက်အကူပြုရန်၊ စီမံကိန်းများ        အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီဖြေရှင်း ရန်၊   နည်းပညာဆိုင်ရာ   အကူအညီများရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးရန်၊ သတင်းအချက်အလက် များ မျှဝေပေးရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များနှင့် ကိုက်ညီသည့် စီမံကိန်းများကို အဆိုပြုနိုင်ရေး  ကူညီဆောင်ရွက်ရန်၊  အကောင် အထည်ဖော် ဆောင်ရွက်ခွင့်ရရှိသည့် စီမံကိန်းများ အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေး၊ စီမံကိန်း အကောင်အထည်ဖော်မှုနှင့် စီမံကိန်းအဆိုပြုလွှာ ကိုက်ညီမှုရှိရေးတို့ကို ညှိနှိုင်းကြပ်မတ်ဆောင်ရွက် ရန်နှင့်   မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား  ပူးပေါင်းဆောင်ရွက်ရန် တို့ ဖြစ်ပါသည်။ 
မဲခေါင်-လန်ချန်း        ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)အနေဖြင့် ပုံမှန် ကျင်းပမြဲဖြစ်သည့် လုပ်ငန်းစဉ်အစည်းအဝေးများ အပြင်  မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု နှစ်ပတ်လည်နေ့အခမ်းအနားများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု     အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံတမန်များတွေ့ဆုံပွဲ (MLC Diplomatic Tour)နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၃) နှစ် မြောက် နှစ်ပတ်လည်နေ့အခမ်းအနားများ ပြုလုပ် ခြင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများဆိုင်ရာ     အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေး ခြင်း   စသည့်လုပ်ငန်းစဉ်များဖြင့်  မြန်မာနိုင်ငံ၏ မဲခေါင်-လန်ချန်း     ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွစွာပါဝင်လျက်ရှိသည့် အောင်မြင်မှုပုံရိပ် များကို နိုင်ငံတကာနှင့် ပြည်သူလူထုသို့ အသိပေး မျှဝေနိုင်ခဲ့ပါသည်။ 
နိဂုံးချုပ်အနေဖြင့်   မဲခေါင်-လန်ချန်း  ပူးပေါင်း ဆောင်ရွက်မှု၏    (၈)နှစ်တာကာလ  ပူးပေါင်း ဆောင်ရွက်မှုရလဒ်များနှင့်  အတွေ့အကြုံကောင်း များသည်   အဖွဲ့ဝင်နိုင်ငံများအကြား  အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာသောယုံကြည် ချက်ဖြင့် ရှေ့ဆက်လက်တွဲ၍ အရှိန်အဟုန်မြှင့်တင် ရန် အားမာန်သစ်များ ပေးစွမ်းခဲ့ပါကြောင်း တင်ပြ၍ ၂၀၂၄  ခုနှစ်   မတ်လ   ၂၃    ရက်နေ့တွင်  ကျရောက် သည့် (၈) နှစ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု  နှစ်ပတ်လည်နေ့ကို  ကြိုဆိုဂုဏ်ပြု အပ်ပါသည်။         ။