
နေပြည်တော် နိုဝင်ဘာ ၃၀
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မဲခေါင်ဒေသ လုံခြုံမှုပေါင်းစပ်ညှိနှိုင်းရေးစင်တာ၊ Safe Mekong Coordination Center မဲခေါင်ရိပ်သာဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၊ ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များအန္တရာယ် တားဆီးကာကွယ် ရေး အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr. Zheng Zhihong နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဝင်းဇေယျာဦးတို့က အမှာ စကားပြောကြားခဲ့ကြပြီး တာဝန် ရှိသူများက Safe Mekong Coordination Center မဲခေါင် ရိပ်သာဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တက်ရောက်လာ သူများက စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ပြီး တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များက တိုးနရားအကဖြင့် ဖြေဖျော်ကြကာ အခမ်းအနား ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာများ ဖြင့် ပက်ဖျန်းကြပြီး အဆောက် အဦကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ Safe Mekong Coor-dination Center မဲခေါင်ရိပ်သာ အဆောက်အဦကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၂၀၁၈ ခုနှစ်၊ အထူးရန်ပုံ ငွေမှ အမေရိကန်ဒေါ်လာ ၄၉၉၄၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ ၇၇၄ ဒသမ ၀၇ သန်းနှင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရန်ပုံငွေမှ ငွေကျပ် ၇၈ ဒသမ ၇ သန်း၊ စုစုပေါင်း ငွေကျပ် ၈၅၂ ဒသမ ၇၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး မဲခေါင်မြစ် ကြောင်းတစ်လျှောက်ရှိ တရုတ်-မြန်မာ - လာအို - ထိုင်း - ကမ္ဘော ဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ အနေဖြင့် မူးယစ်ဆေးဝါး နိုင်ငံ ဖြတ်ကျော် သယ်ဆောင်ရောင်း ဝယ်သူများကို ဖော်ထုတ်ဖမ်းဆီး နိုင်ရေး အထောက်အကူဖြစ်စေ မည့် သတင်းအချက်အလက်များ ရရှိစေရေးအတွက် ပူးပေါင်းစုံစမ်း စစ်ဆေးမှုများပြုလုပ်ရန် နိုင်ငံ အလိုက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များမှ ကိုယ်စား လှယ်အချင်းချင်း ပူးပေါင်း၍ မဲခေါင်မြစ်ကြောင်းတစ်လျှောက် မူးယစ်ဆေးဝါး မှောင်ခိုရောင်း ဝယ်မှု ပပျောက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ထိန်းချုပ်ရေး၊ နည်းပညာပူးပေါင်း ဖလှယ်ရေးနှင့် တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၏ စွမ်းရည် မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို အားကောင်း လာစေရန်နှင့် မဲခေါင်မြစ်ဝှမ်း တစ်လျှောက် တရားဥပဒေစိုးမိုး ရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ မူးယစ် ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးအတွက် အကျိုး ကျေးဇူး များစွာရရှိနိုင်မည် ဖြစ်သည်။
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဓိကရည်ရွက် ချက်သည် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်နှင့် နိုင်ငံအလိုက် ဒေသဖွံ့ဖြိုးတိုးတက် မှု ကွာဟနေခြင်းကို လျှော့ချသွား ရန်၊ အာဆီယံအသိုင်းအဝိုင်း တည်ထောင်မှုကို အထောက်အကူ ပြုရန်၊ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ၏ ရည်မှန်းချက်များ ကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက် ရေးတို့ကို တိုးမြှင့်ပူးပေါင်းဆောင် ရွက်သွားရန်ဖြစ်သည်။ မဲခေါင် ဒေသလုံခြုံရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဗဟိုဌာန “Safe Mekong Coordination Center” ကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံအလိုက် ကိုယ်စား လှယ်များအတွက် ရုံးခန်းများ ဖွင့်လှစ် ဆောင်ရွက်နိုင်ခြင်း၊ မဲခေါင်ဒေသအတွင်း မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး သတင်းဖလှယ်မှု အစည်းအဝေး များ ကျင်းပနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည့်အပြင် မိမိတို့ရည်မှန်း ချက်ဖြစ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်း ဆောင်ရွက်မှု အခန်းကဏ္ဍကို ယခုထက် ပိုမိုထိရောက်အောင် မြင်စွာ ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်