
နေပြည်တော် မတ် ၂၈
မဲခေါင် − လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၈) နှစ်မြောက် နှစ်ပတ် လည်နေ့ကို ဂုဏ်ပြုသောအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို နိုင်ငံခြားရေး ဝန်ကြီးဌာနက နေပြည်တော်ရှိ KMA နေပြည်တော်ဟိုတယ်၌ ယနေ့ညနေပိုင်း က ကျင်းပပြုလုပ်သည်၊၊
အဆိုပါအခမ်းအနားသို့ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ မဲခေါင် − လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးစီမံကိန်းများ အကောင်အထည်ဖော် ခဲ့သည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံး များမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီး များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုမိန့်ခွန်း တစ်ရပ် ပြောကြားရာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု စတင် ပေါ်ပေါက်လာပုံနှင့် ထိုပူးပေါင်းဆောင် ရွက်မှု၏ အောင်မြင်မှုရလဒ်များအတွက် ပါဝင်ပံ့ပိုးပေးခဲ့ကြသော မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများအား ကျေးဇူး တင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်က မဲခေါင်မြစ်သည် နိုင်ငံဖြတ်ကျော် စီးဆင်း လျက်ရှိသည့် မြစ်ကြီးတစ်စင်းဖြစ်ပြီး မဲခေါင်နိုင်ငံ (၆) နိုင်ငံအားလုံးတို့အား သာတူညီမျှစွာ အကျိုးပြုလျက်ရှိကြောင်း၊ မဲခေါင်မြစ်သည် မဲခေါင်မြစ်တစ်လျှောက် တွင် မှီတင်းနေထိုင်ကြသော ပြည်သူလူထု အတွက် စားနပ်ရိက္ခာနှင့်ဝင်ငွေရရှိစေ သည့် အဓိက အရင်းအမြစ်တစ်ခုပင် ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများအနေဖြင့် မဲခေါင်မြစ်၏ အကျိုးကျေးဇူးများကို မျှဝေခံစားလျက်ရှိသကဲ့သို့ မဲခေါင်မြစ်ကြီး ကို ကာကွယ်ထိန်းသိမ်းရန် မဲခေါင်နိုင်ငံ များအားလုံးတွင် တာဝန်ရှိကြောင်း၊ မဲခေါင်မြစ်နှင့်ဆက်စပ်၍ တည်ထောင် အကောင်အထည် ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများနှင့် အစီအစဉ်များအနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အအောင်မြင် ဆုံးပူးပေါင်းဆောင်ရွက်မှုတစ်ခုဟု ဆိုနိုင် ကြောင်း၊ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်တွင် စတင်ပေါက်ဖွားလာခဲ့ပြီး မဲခေါင်မြစ်အား မှီတင်းနေထိုင်ကြသော ပြည်သူလူထု၏ သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကို ရှေးရှုလျက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေး ယန္တရား ကို စတင်ထူထောင်ရန် ဆုံးဖြတ်ခဲ့သည့် မဲခေါင် - လန်ချန်း ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမှုအပေါ် ဂုဏ်ပြုလို ကြောင်း၊ မဲခေါင် - လန်ချန်း အထူးရန်ပုံ ငွေသို့ အမေရိကန်ဒေါ်လာသန်း ၃၀၀ မတည်ထူထောင် ထည့်ဝင်ပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးအထူးတင်ရှိ ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံနှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးတွဲဥက္ကဋ္ဌ တာဝန် ယူစဉ်အတွင်း ဝန်ကြီးအဆင့်အစည်း အဝေး (၃)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ပြင် စတုတ္ထအကြိမ်မြောက် မဲခေါင်−လန်ချန်း ခေါင်းဆောင်များအစည်းအဝေး ၌ အရေးပါသည့် “နေပြည်တော်ကြေညာ စာတမ်း”၊ “မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ ငါးနှစ်တာလုပ်ငန်းအစီ အစဉ် (၂၀၂၃-၂၀၂၇)” နှင့် “မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု တီထွင် ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေးပူးတွဲ အစီအစဉ်”တို့ကို အောင်မြင်စွာအတည် ပြုနိုင်ခဲ့ခြင်း၊ တရုတ်နိုင်ငံမှ ထောက်ပံ့ လျက်ရှိသော မဲခေါင် - လန်ချန်း အထူး ရန်ပုံငွေ၏ အရေးပါမှုနှင့် မြန်မာနိုင်ငံအနေ ဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိ စီမံကိန်းပေါင်း ၁၀၆ ခုကို လက်ခံ ရရှိကာ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အပေါ် အကျိုးကျေးဇူးများစွာ ရရှိခဲ့ခြင်း တို့ကို အကျယ်တဝင့် ထည့်သွင်းပြောကြား ခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်က အနာဂတ်တွင်လည်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား ပိုမိုခိုင်မာ စေရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပိုမိုနီးကပ် စွာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု လက်ရှိပူးတွဲဥက္ကဋ္ဌ ထိုင်း နိုင်ငံနှင့်လည်း အပြည့်အဝပူးပေါင်းသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ခိုင်မာ သောကတိကဝတ်ကို ထပ်လောင်းအတည် ပြုပြောကြားခဲ့ပြီး နေ့စဉ်ထုတ်မြန်မာ့ သတင်းစာများ၌ မကြာသေးမီက ရေးသား ဖော်ပြခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၏ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆောင်းပါး အပေါ် ဂုဏ်ပြုစကား ပြောကြား ခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က နေပြည်တော်၌ ကျင်းပခဲ့ သည့် အာဆီယံ - တရုတ် ထိပ်သီးအစည်း အဝေး၌ ဦးဆုံးအဆိုပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တရား ဝင်စတင်ခဲ့ကြောင်း၊ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၈ နှစ်တာကာလ အတွင်း ဒေသတွင်း၌ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားလိုင်း ချိတ်ဆက်မှု စသည့်ကဏ္ဍများတွင် တိုးတက်မှုများစွာရရှိခဲ့ကြောင်း၊ ပို့ဆောင် ချိတ်ဆက်မှုကဏ္ဍတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ကို အရှိန်အဟုန် မြှင့်တင်စေနိုင်ခဲ့ကြောင်း၊ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်း စုစုပေါင်း ၇၀၀ ကျော်အား အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံ၏ စီးပွားရေး သည် တိုးတက်မှုနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်း ဖြင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ သုံးပုံ တစ်ပုံခန့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုသည် မြန်မာ နိုင်ငံနှင့် အခြားမဲခေါင်နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်လာနိုင် သည့်နည်းတူ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုအတွက်လည်း တွန်းအား များ ဖြစ်ပေါ်စေနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော် များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပြီး ဂုဏ်ပြုဧည့်ခံပွဲအား ဆက်လက် ကျင်းပရာ အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက ဖျော်ဖြေတင်ဆက်ကြကာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်တို့က အနုပညာရှင် အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။
မဲခေါင်−လန်ချန်းဒေသ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝသာယာဝပြောရေး အတွက် မဲခေါင်−လန်ချန်း ပူးပေါင်းဆောင် ရွက်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ တို့ပါဝင်၍ ပူးပေါင်းဆောင်ရွက်မှု (၈)နှစ် တာ ကာလအတွင်း ထင်သာမြင်သာရှိ သော ဖွံ့ဖြိုးတိုးတက်မှုများကို တွေ့မြင် ရကာ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အကျိုး ကျေးဇူးရလဒ်များကို ခံစားရလျက်ရှိ သည်။
သတင်းစဉ်