မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ရေကြီးမည့်ကြိုတင်သတိပေးစနစ်ကို အထောက်အကူပြုမည့်   မိုးရေချိန်တိုင်းကိရိယာများ တပ်ဆင်ခြင်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော် ဒီဇင်ဘာ ၇
ဒုတိယအကြိမ် မဲခေါင်-လန်ချန်း ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်နိုင်ငံက  ဦးဆောင်၍ ဘေဂျင်းမြို့၌ ဒီဇင်ဘာ ၇ ရက်မှ ၈ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပလျက်ရှိသည်။ 
အဆိုပါ     ဖိုရမ်ဖွင့်ပွဲအခမ်း အနားကို    ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ   အဖွဲ့ဝင်နိုင်ငံများဖြစ် သည့် ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ် နိုင်ငံ၊   လာအိုနိုင်ငံ၊   မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာန များမှ ဝန်ကြီးများ၊   ကမ္ဘာ့ကုလ သမဂ္ဂနှင့်      နိုင်ငံတကာအဖွဲ့ အစည်းများမှ အဆင့်မြင့်ကိုယ်စား လှယ်များ၊      မဲခေါင်-လန်ချန်း ရေအရင်းအမြစ်   ပူးပေါင်းဆောင် ရွက်မှု         ပူးတွဲလုပ်ငန်းအဖွဲ့မှ ကိုယ်စားလှယ်များ၊   သုတေသန ပညာရှင်များအပါအဝင် စုစုပေါင်း ကိုယ်စားလှယ်    ၅၀၀   ကျော် တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့်   ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး    တင်အောင်စန်း ဦးဆောင်၍     ဒုတိယဝန်ကြီးနှင့် ရေနှင့်ဆက်နွှယ်သည့်    ဝန်ကြီး ဌာနရှစ်ခုမှ     တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲ     အခမ်းအနားတွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ   ဝန်ကြီး များနှင့် ကမ္ဘာ့ကုလသမဂ္ဂ Under Secretary General H.E. Liu Zhenmin တို့က  အဖွင့်အမှာစကား ပြောကြားကာ ဖိုရမ်ကို   ဖွင့်လှစ် ပေးသည်။ 
 အခွင့်အလမ်းကောင်းတစ်ရပ်  
ယင်းနောက်   ပို့ဆောင်ရေး နှင့်       ဆက်သွယ်ရေဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက   အမှာ စကားပြောကြားရာတွင် ယခုဖိုရမ် သည်   အဖွဲ့ဝင်နိုင်ငံများအားလုံး အတွက် မဲခေါင်-လန်ချန်းမြစ်ဝှမ်း ဒေသနိုင်ငံများ၏   အတွေ့အကြုံ နှင့်    ဗဟုသုတများကို    မျှဝေရန်၊  အလားအလာရှိသော  ရေအရင်း အမြစ် ပူးပေါင်းဆောင်ရွက်မှုများ ကို    ဆွေးနွေးရန်အတွက်   အခွင့် အလမ်းကောင်းတစ်ရပ်      ဖြစ်ပါ ကြောင်း၊    မြန်မာနိုင်ငံအနေဖြင့် ရေအရင်းအမြစ်  ပေါများကြွယ်ဝ သည့်     နိုင်ငံတစ်နိုင်ငံဖြစ်သော် လည်း      ယခုနောက်ပိုင်းတွင် ရာသီဥတုပြောင်းလဲမှု၏  အကျိုး ဆက်များကို     ခံစားရလျက်ရှိ ကြောင်း၊       အနည်ပို့ချခြင်း၊ သောက်သုံးရေ    ရှားပါးခြင်းနှင့် ရေ၏အရည်အသွေး  ကျဆင်းလာ ခြင်းစသည့်   ထပ်ဆောင်းစိန်ခေါ်မှု များလည်း နိုင်ငံတစ်ဝန်း ကြုံတွေ့ ရလျက်ရှိကြောင်း၊    ယင်းစိန်ခေါ် မှုများကို      မြန်မာနိုင်ငံနည်းတူ မဲခေါင်-လန်ချန်း       အဖွဲ့ဝင်နိုင်ငံ အားလုံးတွင်လည်း    ကြုံတွေ့နေရ သည့်      ကိစ္စရပ်များဖြစ်သည့် အတွက် ဖိုရမ်သို့ တက်ရောက်လာ သူများအနေဖြင့်  အဆိုပါစိန်ခေါ် မှုများ  ဖြေရှင်းရေးကို ဆောင်ရွက် နိုင်ရေး  အလေးအနက်ထား ထည့် သွင်း        ဆွေးနွေးစေလိုကြောင်း ဦးစွာပြောကြားသည်။
တက်ကြွစွာပါဝင်ဆောင်ရွက်
ဆက်လက်၍   ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ စီးပွား ရေးသည်  စိုက်ပျိုးရေးကို အခြေခံ ထားသည်ဖြစ်၍  ရေအရင်းအမြစ် စီမံခန့်ခွဲမှုသည်  မိမိတို့နိုင်ငံသား များ၏    နေ့စဉ်    အသက်မွေး ဝမ်းကျောင်းမှုအတွက်    လွန်စွာ အရေးပါလျက်         ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်   ဒေသတွင်း ရေအရင်းအမြစ်     ပူးပေါင်းဆောင် ရွက်မှုတွင်သာမက    နိုင်ငံတကာ ပူးပေါင်း   ဆောင်ရွက်မှုများတွင် လည်း တက်ကြွစွာ   ပါဝင်ဆောင် ရွက်လျက်ရှိပါကြောင်း၊    ၂၀၁၇ ခုနှစ်  ဒီဇင်ဘာလတွင်   တတိယ အကြိမ် အာရှ-ပစိဖိတ်ရေညီလာခံ (3rd    Asia-Pacific    Water Summit) ကို    အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး      ညီလာခံ၌ ကောင်းမွန်သော    ရေဆိုင်ရာစီမံ ခန့်ခွဲရေး၊     အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက်   ရေဖူလုံရေး စသည့် ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်ရန်အတွက် ရန်ကုန် ကြေညာစာတမ်း(Yangon Declaration)ကို   ထုတ်ပြန်နိုင် ခဲ့ကြောင်း၊     လက်ရှိကာလတွင် မဲခေါင်-လန်ချန်း   အထူးရန်ပုံငွေ ဖြင့် ရေကြီးမည့်ကြိုတင်သတိပေး စနစ်ကို      အထောက်အကူပြု မည့်    မိုးရေချိန်တိုင်းကိရိယာများ တပ်ဆင်ခြင်း         စီမံကိန်းကို ဆောင်ရွက်လျက်    ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား    နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုး ခဲ့ပြီး    ရေအရင်းမြစ်    ပူးပေါင်း ဆောင်ရွက်မှု     လုပ်ငန်းများကို ဆောင်ရွက်လျက်    ရှိပါကြောင်း၊ ယခုဖိုရမ်တွင်     ဆွေးနွေးသည့် ရလဒ်ကောင်းများမှ    တစ်ဆင့် မဲခေါင်-လန်ချန်း  ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု  ငါးနှစ်စီမံ ကိန်း  အကောင်အထည်ဖော်မှုနှင့် ဒေသတွင်း   ရေအရင်းအမြစ်  စီမံ ခန့်ခွဲမှု စဉ်ဆက်မပြတ်  ဖွံ့ဖြိုးရေး ကို     များစွာအထောက်အကူပြု မည်ဟု      ယုံကြည်ကြောင်းနှင့် တရုတ်နိုင်ငံက  ရေအရင်းအမြစ် စီမံခန့်ခွဲမှုများနှင့်     စပ်လျဉ်း၍ မြန်မာနိုင်ငံသို့        ကူညီမှုများ၊  ကိုဗစ်- ၁၉ ကပ်ရောဂါကာကွယ် ဆေးနှင့်    ဆက်စပ်ပစ္စည်းများကို ပံ့ပိုး       ကူညီပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း    ပြော ကြားသည်။
မဲခေါင်-လန်ချန်း   ပူးပေါင်း ဆောင်ရွက်မှုသည်  ၂၀၁၄ ခုနှစ် တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့်   (၁၇)  ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်း အဝေး၌     စတင်ဆွေးနွေးခဲ့ပြီး ၂၀၁၆ ခုနှစ်  မတ်လတွင် ကျင်းပ သည့်  လန်ချန်း-မဲခေါင်ပူးပေါင်း ဆောင်ရွက်မှု        ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များ   အစည်း အဝေး    (The 1st Lancang-Mekong Cooperation Leaders’ Meeting)တွင်     ထုတ်ပြန်သည့် ဆန်းယကြေညာစာတမ်း  (Sanya Declaration)   ပါ       ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်     ငါးခု အနက်  ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်များအရ ပထမအကြိမ်   မဲခေါင်-လန်ချန်း ရေအရင်းအမြစ်         ပူးပေါင်း ဆောင်ရွက်မှုဖိုရမ်ကို  ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင်    တရုတ်ပြည်သူ့ သမ္မတနိုင်ငံ  ကူမင်းမြို့၌   ကျင်းပ ခဲ့ပြီး   ဒုတိယအကြိမ်    ဖိုရမ်ကို ယခုနှစ်တွင်   ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခြင်းဖြစ်သည်။
ဆက်လက်ကျင်းပသွားမည်
ဖိုရမ်၏    ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများကို    ဒီဇင်ဘာ  ၇ ရက် မွန်းလွဲပိုင်းနှင့် ၈ ရက်တို့တွင် ဆက်လက်   ကျင်းပသွားမည်ဖြစ် ပြီး     နယ်စပ်ဖြတ်ကျော်မြစ်များ ဆိုင်ရာ   ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက်    မျှဝေမှု၊ မဲခေါင်-လန်ချန်း     ရေအရင်း အမြစ်     ပူးပေါင်းဆောင်ရွက်မှု လူငယ်ဆွေးနွေးပွဲ၊      ရေအရင်း အမြစ်ထိန်းသိမ်းမှုနှင့်    အစိမ်း ရောင်ဖွံ့ဖြိုးမှု၊    ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနှင့်    ရာသီဥတု ပြောင်းလဲမှု၊  ကျေးလက်ဒေသရေ ထိန်းသိမ်းမှုနှင့်   လူနေမှုအဆင့် အတန်း မြှင့်တင်မှု၊ စဉ်ဆက်မပြတ် ရေအားလျှပ်စစ်   ထုတ်လုပ်မှုနှင့် စွမ်းအင်ဖူလုံမှု  စသည့် အကြောင်း အရာများကို  ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။သတင်းစဉ်