မဲခေါင် - လန်ချန်း အထူးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသုံးကိရိယာများပေးအပ်

 

လဟယ်   ဖေဖော်ဝါရီ   ၁၀


စစ်ကိုင်းတိုင်းဒေသကြီး     နာဂ ကိုယ်ပိုင်        အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင်      စိုက်ပျိုးရေး ဦးစီးဌာန    ကော်ဖီ - ရာသီသီးနှံ ဌာနခွဲမှ ဖွင့်လှစ်ပို့ချသော မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရေရှည်တည်တံ့သော     ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု    ပညာပေး သင်တန်း  (TOT)   နှင့်   စိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းသုံး ကိရိယာ များတောင်သူများသို့ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က    လဟယ်မြို့    နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုး ရေး   သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ နာဂဒေသ စိုက်ပျိုး ရေး  ဦးစီးဌာနမှ   ဒေသတာဝန်ခံ ဦးသိန်းထွန်းတင်က    သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ကို   ရှင်းလင်းရာတွင်   ဒေသခံ ပြည်သူများအား    ကော်ဖီသီးနှံ စနစ်တကျ    စိုက်ပျိုးထုတ်လုပ် တတ်စေရန်၊     နာဂဒေသအတွင်း အလုပ်အကိုင်    အခွင့်အလမ်းများ ရရှိစေရေး၊     တစ်ဦးချင်းဝင်ငွေ တိုးတက်စေရန်၊နာဂဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး    လူမှုဘဝ သာယာဝပြောစေ၍     နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ပြုစေရန်ရည်ရွယ်ကာ သင်တန်း ဖွင့်လှစ်ပေးရခြင်း   ဖြစ်ကြောင်း ဆွေးနွေးသည်။

 


အဆိုပါ သင်တန်းကို  နှစ်ရက် ကြာ    ပို့ချမည်ဖြစ်ကာ   သင်တန်း တွင်  တောင်သူ  ၁၅   ဦး၊   မြို့နယ် ဦးစီးမှူးများနှင့်         ဝန်ထမ်းများ     တက်ရောက်ကြကြောင်း     သိရသည်။


မြို့နယ်(ပြန်/ဆက်)