မအီ - ကျောက်ဖြူလမ်းပိုင်းကို Feasibility Study ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   နိုဝင်ဘာ   ၂


နေပြည်တော်-အောင်လံ-မအီ-ကျောက်ဖြူလမ်းစီမံကိန်းမှ မအီ-ကျောက်ဖြူ လမ်းပိုင်းကို Feasibility Study ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 


မအီ-ကျောက်ဖြူလမ်းပိုင်း သည် နေပြည်တော်-အောင်လံ-မအီ-ကျောက်ဖြူလမ်း စီမံကိန်း တွင်  ပါဝင်သည့်  အစိတ်အပိုင်း တစ်ခုဖြစ်ပြီး နေပြည်တော်-မအီ လမ်းပိုင်းကို Feasibility Study ဆောင်ရွက်ထားရှိပြီး     ဖြစ်ကာ ကျန်ရှိသော လမ်းပိုင်းဖြစ်သည့် မအီ-ကျောက်ဖြူ    လမ်းပိုင်းကို Feasibility Study ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။

 


နေပြည်တော် - အောင်လံ - မအီ-ကျောက်ဖြူလမ်း စီမံကိန်း သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (China Myanmar Econo-mic Corridor) ၏ ဆောလျင်စွာ ဆောင်ရွက်ရမည့်   စီမံကိန်းများ (Early Harvest Projects) တွင်  တစ်ခုအပါအဝင်ဖြစ်ပြီး    အရေး ကြီးသော    လမ်းပိုင်းတစ်ခုဖြစ် သည်။ 

 


“စီမံကိန်းထဲက      နေပြည် တော်-အောင်လံ-မအီ အပိုင်းက Feasibility Study ဆောင်ရွက် ပြီးစီးဖြစ်ပါတယ်။ ကျန်တဲ့အပိုင်း ဖြစ်တဲ့ မအီ-ကျောက်ဖြူအပိုင်း အတွက် Feasibility Study ဆက် လုပ်နိုင်ဖို့ မြန်မာ-တရုတ် နှစ်နိုင်ငံ  MoU ထပ်မံရေးထိုးဖို့ စီစဉ်ဆောင် ရွက်နေပါတယ်။ ဒီလမ်းစီမံကိန်း က နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက်  အရေးပါတဲ့  လမ်းပိုင်းတစ်ခုပါ။ ပြီးတော့ မအီ-ကျောက်ဖြူ လမ်း ပိုင်းက ကျောက်ဖြူအထူးစီးပွား ရေးဇုန်နဲ့     ရေနက်ဆိပ်ကမ်း စီမံကိန်းကနေ       အသုံးပြုမယ့် ယာဉ်စီးရေပမာဏတွေအတွက် မျှော်မှန်းဆောင်ရွက်တဲ့ လမ်းပိုင်း တစ်ခုဖြစ်ပါတယ်” ဆောက်လုပ် ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 


မြန်မာ-တရုတ်    နှစ်နိုင်ငံ စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင် ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ် စက်တင် ဘာ ၉  ရက်တွင်  တရုတ်နိုင်ငံ  ဘေဂျင်းမြို့၌ လက်မှတ်ရေးထိုး ခဲ့ကြပြီး  နှစ်နိုင်ငံသဘောတူညီ ချက်အရ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့် China Harbour Engi-neering   Company   Limited (CHEC)   တို့အကြား    နေပြည် တော်- အောင်လံ-မအီ-ကျောက် ဖြူလမ်း              စီမံကိန်းအတွက် Feasibility Study ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။

 


ယင်းစီမံကိန်းသည် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ     (China Myanmar Economic Corridor) ၏ အရေးပါသောလမ်းပိုင်းဖြစ်ပြီး Master Plan on ASEAN Con-nectivity 2025 (MPAC 2025) ၏ Priority Initial Rolling Pipeline Projects တွင်ပါဝင်၍ Myanmar National Project Bank တွင် လည်း     ထည့်သွင်းထားပြီးဖြစ် ကြောင်း သိရသည်။  

 
 ကေကေ