
နေပြည်တော် နိုဝင်ဘာ ၃၀
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ အား ကျင်းပပြုလုပ်ပေးမည်ဖြစ် သည့်အတွက် မဲဆန္ဒရှင်ပြည်သူ များ လွတ်လပ်ပြီး ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းများကိုလည်း အလေး အနက်ထား ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည် တော်အတွင်း မဲစာရင်းပြုစုရာ တွင် အခြေခံရမည့် လူဦးရေစာရင်း များပြည့်စုံမှန်ကန်ရေး ပြန်လည် တိုက်ဆိုင် စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဘရန်ရှောင် က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်စေရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်း များကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း ဆောင်ရွက်ပြီးစီး ခဲ့ပြီး ရရှိလာသည့် စာရင်းများ ပေါ်တွင်အခြေခံ၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ လစဉ်တိုက်ဆိုင် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း၊ ယခုအခါ ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ် အတွင်းရှိ ဥပဒေနှင့်အညီ နေထိုင် သော လူဦးရေစာရင်းကို မြို့နယ် တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-check) ဆောင်ရွက်လျက်ရှိ ကြောင်း၊ တွေ့ရှိလာသည့် (၂) ကြိမ်၊ (၃) ကြိမ်၊ ( ၄ ) ကြိမ်နှင့် အထက် ထပ်နေသည့်စာရင်းများ ရှိကြောင်း၊ ယင်းစာရင်းများ မှန်ကန်စေရန်အတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှစိစစ်၍ အမြန်ဆုံး ပြီးစီးရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု နယ်မြေ ရှစ်မြို့နယ်၏ ဥပဒေနှင့် အညီ နေထိုင်သူများစာရင်းကို မြို့နယ်တစ်ခုနှင့် တစ်ခု အပြန် အလှန် တိုက်ဆိုင်စစ်ဆေးခြင်း (Cross-check) ဆောင်ရွက်ရာ၌ တွေ့ရှိရသည့် အချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင် က ရှင်းလင်းတင်ပြ သည်။
ဆက်လက်ပြီး ပြည်ထောင်စု နယ်မြေ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နေပြည် တော် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတို့မှ တာဝန်ရှိသူများက လုပ်ငန်း အမြန်ပြီးပြတ်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေး တင်ပြကြပြီး တင်ပြချက်များ အပေါ် ကော်မရှင်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင် က နိဂုံးချုပ် အမှာ စကားပြောကြားပြီး အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု နယ်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု နယ်မြေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ အရာထမ်း၊ အမှုထမ်း များ တက်ရောက်ကြပြီး တိုင်း ဒေသကြီး/ ပြည်နယ်များတွင် ဥပဒေနှင့်အညီ နေထိုင်သူများ စာရင်းကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ အတွင်း မြို့နယ်တစ်ခုနှင့် တစ်ခု အပြန်အလှန် တိုက်ဆိုင်စစ်ဆေး ခြင်း (Cross-check) လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်