
နေပြည်တော် ဖေဖော်ဝါရီ ၁၀
မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံး ပြုနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန် ရှိသူများ၊ စေတနာရှင် အလှူရှင် များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရ အဖွဲ့က အဝင်မုခ်ဦးငယ်တစ်ခုနှင့် သုဓမ္မာဇရပ် တစ်ဆောင်တို့အတွက် အလှူငွေကျပ်သိန်း ၅၅၅ဝ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့် (အငြိမ်းစား) မိသားစုက အလှူ ငွေကျပ်သိန်း ၇၀ တို့ကို ပေးအပ် လှူဒါန်းရာ တိုင်းမှူးက လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်