
နေပြည်တော် ဩဂုတ် ၂၆
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ် ဝတ္ထုကံတော်တွင် တည် ထား ပူဇော်ထားရှိသည့် ကမ္ဘာပေါ် ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ် တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော် ကြည်ညိုကြ သည့် ရဟန်းရှင်လူ ဘုရားဖူး ပြည်သူများဖြင့် စည်ကားလျက် ရှိသည်။
ယနေ့ ရုံးပိတ်ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူပြည်သူများနှင့် ဘိုးဘွားများ သည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာ ဇရပ်များ၊ မုစလိန္ဒကန်နှင့် နဂါးရုံ ဘုရား၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ သဒ္ဓါ ဓိပတိ ခေါင်းလောင်းတော်နှင့် ကျောက်စာရုံ စေတီတော်များ အပါအဝင် အခြားဘာသာရေး ဆိုင်ရာ အဆောက်အဦများ၊ တံတား၊ ဥယျာဉ်များကို စိတ်အေး ချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွား များခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင် ရွက်၍ ကြည်ညိုသဒ္ဓါပွားများ လျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြပြီး ခုနစ်ရက် သားသမီးအလှူရှင်များအနေဖြင့် လည်း ဘုရားဖူးပြည်သူများ သုံးဆောင်နိုင်ရန်အတွက် သက် သတ်လွတ် သီးစုံဒံပေါက်များကို အာဟာရဒါန စတုဒိသာအဖြစ် ကျွေးမွေးလှူဒါန်းကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးသို့ လာရောက် ဖူးမြော် ကြည်ညိုကြသည့် ဘိုးဘွားများအား ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီ အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ကလည်း လမ်းလျှောက်ရန် အခက် အခဲဖြစ်သည့် ဘိုးဘွားများအား အဆင်ပြေစွာဖြင့် ဘုရားဖူးမြော် ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေး ကာ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူ အများပြည်သူများ အခမဲ့ လာရောက်ဖူးမြော် ကြည်ညိုနိုင် ရန် စက်တင်ဘာ ၃ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်