မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများအနက် ဦးရေ ၁ ဒသမ ၅ သန်းပြည့်မြောက်သည့် ဘုရားဖူး ဆရာတော်အား ဓမ္မလက်ဆောင်ပစ္စည်းများ ဂုဏ်ပြုဆက်ကပ်

 

နေပြည်တော်   မတ်   ၂၀


ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်   တည်ထားပူဇော်အောင်မြင်ခဲ့သည့်   ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ရဟန်း၊  ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကား လျက်ရှိသည်။


ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်း၊ ရှင်လူ အများပြည်သူများ   ဖူးမြော်ကြည်ညို နိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့်ရက်မှစ၍  ရဟန်းရှင် လူ ဘုရားဖူးပြည်သူအများအပြား နေ့စဉ်လာရောက် ဖူးမြော်ကြည်ညိုကြရာ ယနေ့ထိ  ဘုရားဖူးလာသူ ပြည်သူ ၁ ဒသမ  ၅   သန်းကျော် အနက်မှ    ရန်ကုန် တိုင်းဒေသကြီး ဒလမြို့နယ်မှ ဆရာတော် ဉူးပညော ဘာသသည် ဘုရားဖူးဦးရေ  ၁  ဒသမ ၅   သန်းပြည့် မြောက်သည့် ကံထူးသူတစ်ဦးဖြစ်ကြောင်း သိရှိရ သည်။


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့   လာရောက် ဖူးမြော်ကြသူများအနက် ဦးရေ  ၁ ဒသမ  ၅  သန်းပြည့်မြောက်သူအဖြစ်  လာရောက်ဖူးမြော် သည့် ဆရာတော်ဉူးပညောဘာသနှင့် ဘုရားဖူးအဖွဲ့ အား  ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုခ်ဦးတွင် ကြိုဆိုနှုတ်ဆက်ကြပြီး  ယာယီ ရှင်းလင်းဆောင်၌  ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက  မာရဝိဇယ    ရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ တည်ထားကိုးကွယ်မှု ဆိုင်ရာများနှင့်  ဦးရေ   ၁ ဒသမ ၅   သန်းမြောက် ဘုရားဖူးဖြစ်လာရသည့်အကြောင်းရင်းကို ရှင်းလင်း ပြောကြားသည်။


ယင်း‌နောက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့်   မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်းရှိ ကျောက်စာရုံ   စေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊ ဂန္ဓကုဋိတိုက်များ၊  မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရ ဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား လှည့်လည် ဖူးမြော်ကြည်ညိုကြသည်။


ထို့နောက်  ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုအရ ဘုရားဂေါပကအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက  ဦးရေ ၁ ဒသမ ၅ သန်း မြောက်ဘုရားဖူးဖြစ်သည့်  ဆရာ‌ တော် ဉူးပညောဘာသအား ဉာဏ်တော် ကိုးလက်မ  အမြင့်ရှိသော စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး    ပုံတော်တူ ဆင်းတုတော် တစ်ဆူ၊   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး (၁၂ လက်မ x ၁၈ လက်မ) မှန်ဘောင်သွင်း ဓာတ်ပုံတစ်ပုံတို့ကို အမှတ်တရဓမ္မလက်ဆောင်အဖြစ်  ဂုဏ်ပြုဆက်ကပ်ကြောင်း သိရှိရသည်။


မာရဝိဇယရုပ်ပွားတော်မြတ်ကြီးသို့ လာရောက် ဖူးမြော်ကြသူများအနက် ဦးရေ ၁ ဒသမ ၅ သန်းပြည့် မြောက်သူ    ဘုရားဖူး ဆရာတော် ဉူးပညောဘာသ၏ ကြည်နူးပီတိစကားသံများကိုလည်း ယခုလို ကြားသိ ရပါသည်-


ဆရာတော် ဥူးပညောဘာသ တိုက်အုပ်ဆရာတော်  
မိုးကုတ်ဝိပဿနာ ဓနုတ်ကျောင်းတိုက်
ဒလမြို့နယ် ရန်ကုန်တိုင်းဒေသကြီး 


ဘုန်းဘုန်းအနေနဲ့  ဘုရားဖူးလာရင်း  အမှတ် မထင်  အခုလို ကံထူးခဲ့တဲ့ အတွက် အမှတ်တမဲ့ကနေ အမှတ်တရဘဝမှတ်တမ်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဘုရားကြီးကိုစပြီး အများပြည်သူ ဖူးမြော်ခွင့်ပြုလိုက် ကတည်းက   ဖူးမြော်ချင်နေပေမယ့်   အကြောင်း ကြောင်းကြောင့် မဖူးဖြစ်ခဲ့ပါဘူး။ ဒီနေ့ဆိုရင်လည်း မနက်ပိုင်းကတည်းက   လာပြီးဖူးမြော်ဖို့   စီစဉ် ထားတာပါ။ ကိစ္စလေးတစ်ခုပေါ်လာလို့ ညနေပိုင်းမှပဲ ဘုရားကြီးကို အေးအေးလူလူ   ဖူးမြော်မယ်ဆိုပြီး လာခဲ့တာပါ။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပထမဆုံးအကြိမ်   လာရောက်ဖူးမြော်တဲ့ အခါမှာပဲ ဘဝမှာ   ပထမဆုံး    အမှတ်တရဖြစ်ခဲ့တဲ့အတွက်  ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။  အခုလို အမှတ် တရကြုံရတဲ့အတွက် ပိုပြီးတော့ရင်ထဲမှာ လှိုက်လှိုက် လှဲလှဲ ဝမ်းသာပီတိဖြစ်မိပါတယ်။  အခု လက်ရှိမှာ လည်း အနယ်နယ်အရပ်ရပ်က  ဘုရားဖူးပြည်သူတွေ အများအပြား    လာရောက်ဖူးမြော်နေကြတာကို တွေ့ရတဲ့အတွက်   ဝမ်းမြောက်ဝမ်းသာဖြစ်မိသလို နောက်နောင်မှာလည်း ဘုရားဖူးရင်း   ဦးပဉ္စင်းလိုပဲ ဘဝအမှတ်တရတွေရယူနိုင်ဖို့အတွက် ဒီဘုရား ကြီး ကို လာရောက်ဖူးမြော်ကြဖို့  ဖိတ်မန္တကပြုလိုက်ပါ တယ်။                                              

သတင်းစဉ်