
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ လာရောက်ဖူးမြာ်ကြသည်။
အဆိုပါ ဘုရားဖူးလာ ဂေါပကအဖွဲ့ဝင်များသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်ထားသည့် ဘုရားစေတီများနှင့် သာသနိကအဆောက်အဦများကို လှည့်လည်ဖူးမြော်ကြည်ညိုလေ့လာကြပြီး ခမ်းနား ထည်ဝါစွာ ပူဇော်ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မျက်မြင်ဖူးမြော်တွေ့ရှိရမှုနှင့် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည့် သာသနိကအဆောက်အဦများအား လေ့လာခွင့်ရရှိမှု ရင်တွင်းခံစားချက်များကို မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။
ဦးမြင့်ချို (ဂေါပကအဖွဲ့ဝင်၊
တွံတေးရွှေဆံတော်
စေတီတော်မြတ်ကြီး)
မာရဝိဇယ ရုပ်ပွားတော်မြတ် ကြီးကို နိုင်ငံတော်အကြီးအကဲများ ရဲ့ စီစဉ် ဆောင်ရွက်ပေးမှုနဲ့ စိတ်အေးချမ်းသာစွာ လာရောက် ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်များအလိုက် ဘုရားဂေါပက အဖွဲ့တွေကိုစုပြီး လာရောက် ဖူးမြော်စေခြင်းလည်း ဖြစ်ပါတယ်။ အရင်ကတော့ ရုပ်ပွားတော်မြတ် ကြီးကို သတင်းစာနဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေကနေပဲ ဖူးမြော်ခဲ့ရ တာပါ။ အခုမျက်မြင်ကိုယ်တွေ့ ဖူးမြော်ရတဲ့အပေါ်မှာ ပြောမပြ တတ်အောင် ရင်ထဲဝမ်းသာကြည်နူး မိပါတယ်။ အဆောက်အဦတွေ ဆိုတာလည်း ကြီးကျယ်ခမ်းနား လွန်းလှပါတယ်။ ကိုယ့်မြန်မာနိုင်ငံ အတွက်လည်း ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ နောက်ပြီး ဗုဒ္ဓဥယျာဉ် တော်အတွင်း တည်ဆောက်ထား တဲ့ ဗိသုကာလက်ရာဟန်ပန်တွေ ကို အတုယူပြီး ကိုယ့်မြို့မှာရှိတဲ့ ဘုရားတွေကို ပြန်လည်ပြုပြင် မွမ်းမံမှုဆောင်ရွက်ရာမှာ အသုံးပြု ဖို့ လေ့လာခွင့်လည်း ရခဲ့ပါတယ်။ ဒါကြောင့် မာရဝိဇယရုပ်ပွားတော် မြတ်ကြီးကို အနယ်နယ်အရပ်ရပ် က ဓမ္မမိတ်ဆွေတွေအနေနဲ့ လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ် လိုပါတယ်။
ဦးတင်ရွှေ (ဂေါပကအဖွဲ့
တွဲဖက်အတွင်းရေးမှူး၊
ဆုတောင်းပြည့်နန္ဒဝန်
စေတီတော်၊ တာမွေမြို့နယ်)
အခုလို ဂေါပကအဖွဲ့ဝင်တွေ စုစည်းပြီး မာရဝိဇယရုပ်ပွား တော်မြတ်ကြီးကို လာရောက် ဖူးမြော်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာမိပါတယ်။ အရင်ကတော့ ဘုရားကြီးကို ဖူးမြော်ဖို့ ကြိုးစား ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် မရောက်ခဲ့ပါဘူး။ ဒါပေမယ့် သက်ဆိုင်ရာတာဝန်ရှိ သူတွေက အဆင်ပြေချောမွေ့စွာ ဖူးမြော်နိုင်ဖို့ စီစဉ်ပေးတဲ့အတွက် လည်း ဂေါပကအဖွဲ့ဝင်တွေ ကိုယ်စား အထူးပဲကျေးဇူးတင်ရှိပါ တယ်။ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ဝင်လိုက်ရင်ပဲ စိတ်ထဲမှာ အလိုလိုအေးချမ်းပြီး ကြည်နူးမှုကို စတင်ခံစားခဲ့ရပါ တယ်။ ရုပ်ပွားတော်မြတ်ကြီး မျက်နှာတော် ဖူးတွေ့လိုက်ရတဲ့ အချိန်မှာ စိတ်ထဲမှာ မပြောပြတတ် အောင် ဝမ်းသာမှုနဲ့ အံ့ဩမှုကို တစ်ချိန်တည်း ခံစားသိရှိခဲ့ရပြန်ပါ တယ်။ နောက်ပြီး အခြားစေတီ တွေနဲ့ အဆောက်အဦတွေရဲ့ တည်ဆောက်ထားမှု လက်ရာများ ဟာလည်း ဗိသုကာအဆင့်အတန်း မြင့်မားလွန်းလှပါတယ်။ ကျွန်တော့် အတွက်ကတော့ ဘဝမှာ လူဖြစ် ရကျိုးနပ်တဲ့ အခိုက်အတန့်ပဲဖြစ်ပါ တယ်။ ဒါကြောင့် မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် များအနေနဲ့ မာရဝိဇယရုပ်ပွား တော်မြတ်ကြီးကို မဖြစ်မနေ လာရောက် ဖူးမြော်ကြစေလိုပါ တယ်။
ဒေါက်တာအေးကို (ဂေါပကအဖွဲ့
ဥက္ကဋ္ဌ၊ ဥက္ကလာပစေတီတော်၊
တောင်ဥက္ကလာပမြို့နယ်)
သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုနဲ့ ကျွန်တော်တို့ ဂေါပကအဖွဲ့ဝင်တွေ အားလုံး စိတ်အေးချမ်းသာစွာနဲ့ ဘုရားဖူးခွင့်ရရှိခဲ့ပါတယ်။ လာ ရောက်ဖူးမြော်မယ်လို့ အားခဲထား တဲ့ ဒီမာရဝိဇယရုပ်ပွားတော်မြတ် ကြီးကို မမျှော်လင့်ပဲ အခုလို ဖူးမြော်ခွင့်ရတဲ့အတွက် ရင်ထဲမှာ အင်မတန်မှ ပီတိဖြစ်မိပါတယ်။ ပရိဝုဏ်အတွင်းမှာလည်း မမြင် ဖူး၊ မတွေ့ဖူးခဲ့တဲ့ အဆောက်အဦ တွေ၊ ဗိသုကာလက်ရာတွေကို လေ့လာခွင့်လည်း ရရှိပါတယ်။ နောက်ပြီး သာသနာရေးဆိုင်ရာ အထောက်အထားတွေကိုလည်း အများကြီး တွေ့ရှိရတဲ့အတွက် လည်း ဗဟုသုတရရှိသလို ဘာသာ သာသနာ ပြန့်ပွားဖို့အတွက်လည်း အထောက်အကူ များစွာရရှိမှာ ဖြစ်တဲ့အတွက် နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် အားလုံးအနေနဲ့ ဒီရုပ်ပွားတော်မြတ်ကြီးကို လာ ရောက် ဖူးမြော်ကြပါ။ ဒီလို ဖူးမြော်ခြင်းအားဖြင့် ရင်ထဲမှာ စိတ်အေးချမ်း ပျော်ရွှင်မှုကို ခံစားရမှာ ဖြစ်ပါတယ်။
ဦးဝင်းမြင့်(ဂေါပကအဖွဲ့ဝင်၊
သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊
မရမ်းကုန်းမြို့နယ်)
ရုပ်ပွားတော်မြတ်ကြီး စတင် ဖူးမြော်ခွင့်ပြုတဲ့ အချိန်ကတည်း က လာရောက်ဖူးမြော်ချင်ခဲ့ပေ မယ့် မရောက်ဖြစ်ခဲ့ပါဘူး။ အခု တော့ သက်ဆိုင်ရာတာဝန်ရှိသူ တွေက ကျွန်တော်တို့ ရန်ကုန်တိုင်း ဒေသကြီးအတွင်းက ဂေါပကအဖွဲ့ တွေကို ပထမအသုတ်အနေနဲ့ ဖူးမြော်ဖို့ စီစဉ်ဆောင်ရွက်ပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးလည်း ဖြစ်တဲ့အပြင် တစ်နိုင်ငံလုံးက ကြိတ်ကြိတ်တိုး လာရောက်ဖူးမြော် နေကြတဲ့ ရုပ်ပွားတော်မြတ်ကြီး ဖြစ်တဲ့အတွက် အင်မတန်မှ စိတ်ထဲ မှာ ထူးခြားလေးနက်စွာ ဖူးမြော် ကန်တော့ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ကမ္ဘာအေးစေတီ တော်မှာ လိုအပ်မယ့် ပြုပြင်မွမ်းမံ မှုတွေအားလုံးကို ဗုဒ္ဓဥယျာဉ်တော် အတွင်း တည်ဆောက်ပူဇော်ထား တဲ့ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦတွေက တစ်ဆင့် လေ့လာ ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။ ထူးခြား သပ္ပာယ်လှတဲ့ မာရဝိဇယရုပ်ပွား တော်မြတ်ကြီးကို မြန်မာတစ်နိုင်ငံ လုံးမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ လာရောက်ဖူးမြော်ကြပါလို့လည်း ကျွန်တော့်အနေနဲ့ ဖိတ်ခေါ်လိုပါ တယ်။
ဦးစိန်သန်း(ဂေါပကအဖွဲ့ဝင်၊
ဗိုလ်တထောင်ကျိုက်ဒေးအပ်
ဆံတော်ဦးစေတီတော်၊
ဗိုလ်တထောင်မြို့နယ်)
ရင်ထဲမှာ အမြဲတမ်းဖူးမြော် ချင်နေခဲ့တဲ့ မာရဝိဇယရုပ်ပွား တော်မြတ်ကြီးကို အခုလို ဖူးမြော် ကန်တော့ခွင့်ရတဲ့အတွက် ရင်ထဲ မှာ အတော်လေးကျေနပ်ပြီး ကြည်နူးမိပါတယ်။ ဒီလိုဖူးမြော် နိုင်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူး တင်ရှိပါတယ်။ ဘုရားရင်ပြင်တော် ကနေကြည့်ရင် ကောင်းကင်ပေါ် မှာ တည်ထားတဲ့ဘုရားတစ်ဆူ ဖြစ်နေတဲ့အတွက် အင်မတန်မှ သပ္ပာယ်လွန်းလှပါတယ်။ ကျွန်တော့် ဘဝတစ်သက်တာမှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ပထမ ဆုံး ဖူးတွေ့ရခြင်းလည်း ဖြစ်ပါ တယ်။ ကျွန်တော်ခံစားမိတဲ့ ထူးခြား မှု အတွေ့အကြုံတွေကို အနယ်နယ် အရပ်ရပ်မှ ပြည်သူများလည်း ခံစားစေချင်တဲ့အတွက် မဖြစ်မနေ လာရောက် ဖူးမြော်စေလိုပါ တယ်။ ဒီရုပ်ပွားတော်မြတ်ကြီး ဟာ ကမ္ဘာ့အံ့ဖွယ်တစ်ခုလည်း ဖြစ်ပါတယ်။
ဦးဌေးဝင်း (ဂေါပကအဖွဲ့ဝင်၊
ဆူးလေစေတီတော်၊
ကျောက်တံတားမြို့နယ်)
ဒီ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားပူဇော်မယ့် ကျောက်တုံး တော်ကြီးကို စတင်တူးဖော်ပြီး ခက်ခက်ခဲခဲနဲ့ သယ်ဆောင်လာရ တာကို ကြားသိကတည်းက အတော်လေးကို စိတ်ဝင်စားနေခဲ့ တာပါ။ နောက်ပြီး တည်ဆောက် ပူဇော်တဲ့နေရာမှာလည်း ကမ္ဘာ ပေါ်မှာရှိတဲ့ အခြားစေတီတွေနဲ့ မတူဘဲ မြင့်မားတဲ့နည်းပညာ တွေနဲ့ ဆောင်ရွက်တဲ့အတွက် ပိုပြီးထူးခြားပါတယ်။ ဘုရား ပရိဝုဏ်အတွင်းမှာလည်း မြန်မာမှု ဗိသုကာလက်ရာတွေနဲ့ အင်မတန် မှ ခံ့ညားထည်ဝါလှတာကိုလည်း လေ့လာဖူးမြော် တွေ့မြင်ရပါ တယ်။ မာရဝိဇယရုပ်ပွားတော် မြတ်ကြီးကို ဖူးမြော်ရတဲ့အခါမှာ လည်း ကြည်နူးပီတိဖြစ်မိပါတယ်။ ကျွန်တော့်ဘဝတစ်လျှောက် ဒီလို ဉာဏ်တော်အမြင့်ဆုံး ရုပ်ပွား တော်ကို မဖူးမြော်ခဲ့ရပါဘူး။ ကျွန်တော် သက်ရှိထင်ရှား ရှိနေ တဲ့အချိန်မှာ ဖူးမြော်ခွင့် ရတဲ့ အတွက်လည်း ဝမ်းသာမိသလို ဘဝမှာ ပြီးပြည့်စုံမှုရှိသွားသလို ခံစားခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေ၊ ကမ္ဘာသူ ကမ္ဘာသားတွေ၊ ဗုဒ္ဓဘာသာ နိုင်ငံတွေအားလုံး ဒီရုပ်ပွားတော်မြတ်ကြီးကို လာ ရောက် ဖူးမြော်ကြပါလို့ တိုက်တွန်း လိုပါတယ်။
တွေ့ဆုံမေးမြန်း - အောင်ရဲသွင်
ဓာတ်ပုံ - ကိုကိုအေး