
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့အတွင်းရှိ စာသင်တိုက်ကြီး ခုနစ်တိုက်မှ သံဃာတော်များနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို
နေပြည်တော် မတ် ၁
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အတွင်းရှိ စာသင်တိုက်ကြီး ခုနစ်တိုက်မှသံဃာတော် အပါး ၁၆၀၊ အုပ်ချုပ်သူ ရှစ်ဦး၊ ဆေးအကူ နှစ်ဦး စုစုပေါင်း ၁၇၀ နှင့် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေအရာရှိ၊ ခရိုင်ဥပဒေအရာရှိ များ စုစုပေါင်း ၁၅၃ ဦးတို့သည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓ ဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား လာရောက်ဖူးမြော်ကြည်ညို ကြသည်။
ဦးစွာ နံနက်ပိုင်းတွင် သံဃာ တော်များအား လည်းကောင်း၊ ညနေပိုင်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဥပဒေချုပ်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဥပဒေ အရာရှိ၊ ခရိုင်ဥပဒေအရာရှိများ အား လည်းကောင်း ရှင်းလင်း ဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်း ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင် များက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ် ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့် ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်း ဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက် စာရုံစေတီတော်များ တည်ထား ဆောင်ရွက်ခဲ့မှုနှင့် သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင် ခဲ့မှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ် ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် ဘုရားဖူးလာ သံဃာတော်များနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေချုပ်များ၊ ဥပဒေအရာရှိများက ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင် ပြေချောမွေ့စွာ လာရောက်ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးမှုများနှင့် ရုပ်ပွားတော်မြတ် ကြီး တည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေး စိတ်ရှင်းလင်းပြောကြားပေးမှုများ အပေါ် ကျေးဇူးတင်စကားများ ပြောကြားကြသည်။
ထို့ပြင် ဘုရားဖူးလာသံဃာ တော်များနှင့် ဥပဒေရေးရာဝန်ကြီး ဌာနမှ ဥပဒေချုပ်များ၊ ဥပဒေ အရာရှိများက ရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ဘုရားဖူးလာ သံဃာတော်များနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေချုပ် များ၊ ဥပဒေအရာများသည် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညို ကြပြီး ဘုရားရင်ပြင်တော် ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထား သည့် ဂန္ဓကုဋိတိုက်များအတွင်း၌ လေ့လာကြည့်ရှုကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူငွေ များပေးအပ်လှူဒါန်းကြသည်။
ထို့နောက် ဘုရားဖူးလာ သံဃာတော်များနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေချုပ်များ၊ ဥပဒေအရာရှိများသည် ဗုဒ္ဓဥယျာဉ် တော်အတွင်း တည်ဆောက်ထားရှိ သည့် မော်ကွန်းတိုက်၌ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓ ဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ကျင်းပခဲ့ သည့် မဟာမင်္ဂလာအခမ်းအနား များတွင် အသုံးပြုခဲ့သည့်ပစ္စည်း များ၊ ဘုရားရှင်ဓာတ်တော်၊ ရဟန္တာ ဓာတ်တော်များ ထည့်သွင်းပူဇော်ခဲ့ သည့် ရွှေဖလားများ၊ မာရဝိဇယ ဆင်းတုတော်ကြီးအား အစိတ် အပိုင်း လေးပိုင်းခွဲ၍ တည်ဆောက် ထားသော ဆင်းတုတော်ကြီးပုံစံ ငယ်များ၊ မြန်မာ့ရိုးရာပန်းဆယ်မျိုး လက်ရာပုံစံငယ်များ၊ ရုပ်ပွားတော် မြတ်ကြီး တည်ထားပူဇော်မှု မှတ်တမ်းဓာတ်ပုံများ၊ ဗိသုကာ လက်ရာများဖြင့် ခမ်းနားထည်ဝါ စွာ တည်ထားပူဇော်ထားသည့် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော် ကြီး၊ ကျောက်စာရုံ စေတီတော် များ၊ မုစလိန္ဒအိုင်နှင့် အခြား သာသနိက အဆောက်အအုံများ ကို ဆက်လက်ဖူးမြော်လေ့လာ ကြည်ညိုခဲ့ကြသည်။
အလားတူ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား အနယ် နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုလျက် ရှိကြောင်း သိရသည်။
ယနေ့တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက် ဖူးမြော်ခဲ့ကြသည့် သံဃာတော်များနှင့် ဥပဒေအရာရှိ များ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -
ဘုန်းဘုန်းက ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ် ချမ်းမြေ့ဇေယျာ သာမဏေကျော် တက္ကသိုလ် ကျောင်းတိုက်က လာရောက် ဖူးမြော်တာ ဖြစ်ပါတယ်။ တကယ် ခမ်းနားသပ္ပာယ်ပြီး ကြည်ညိုဖွယ် ရာကောင်းတဲ့ ဒီလိုနေရာမျိုးကို ရောက်လာတာကတော့ ဦးဇင်းတို့ ရင်ထဲမှာ တကယ်ကို ဝမ်းမြောက် ပီတိဖြစ်မိပါတယ်။ ဒီလိုနေရာမျိုး ကို ရောက်မယ်လို့လည်း ဦးဇင်းတို့ ထင်မထားခဲ့ပါဘူး။ တကယ်ကို ကံကောင်းထောက်မလို့ ဦးဇင်းတို့ ဒီလိုရောက်လာခြင်းဖြစ်ပါတယ်။ အခုလို လာရောက်ဖူးမြော်ခွင့်ရတဲ့ အတွက် ဦးဇင်းလည်း ဝမ်းမြောက် ပီတိဖြစ်မိပါတယ်။ တကယ်ကို ခမ်းနားတဲ့ နေရာဖြစ်တဲ့အတွက် ဒီဘုရားကြီးကို လူတိုင်းလာရောက် ဖူးမြော်ဖို့ ဦးဇင်းအနေနဲ့ ဖိတ်ခေါ် ချင်ပါတယ်။
ကျွန်တော်က တနင်္သာရီတိုင်း ဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်း ဖြစ်ပါတယ်။ ဒီဘုရားကြီးကို လာရောက်ဖူးမြော်နိုင်ဖို့အတွက် ဥပဒေရေးရာဝန်ကြီးဌာနက စီစဉ် ပေးတဲ့အတွက် အခုလိုလာရောက် ဖူးမြော်ခွင့်ရရှိတာ ဖြစ်ပါတယ်။ ဒီဘုရားကြီးကို ဖူးမြော်လိုက်ရတဲ့ အချိန်မှာ ကျွန်တော်တို့ရင်ထဲမှာ ဝမ်းသာပီတိဖြစ်ရသလို ကြည်နူးမှု လည်းဖြစ်ရပါတယ်။ အခက်အခဲ တွေကြားထဲက ဒီဘုရားကြီး ကို တည်ထားကိုးကွယ်နိုင်အောင် စီစဉ်ပေးတဲ့ နိုင်ငံတော်အကြီး အကဲတွေကိုလည်း ကျေးဇူးတင်ပါ တယ်။ မာရဝိဇယဆိုတဲ့စကားနဲ့ အညီ ကျွန်တော်တို့ ဘုရားဖူး ပြည်သူများအားလုံး ဘေးအပေါင်း၊ ရန်အပေါင်း၊ မာန်အပေါင်းကနေ ပြီးတော့ ကင်းဝေးကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါ တယ် ခင်ဗျာ။
မကွေးတိုင်းဒေသကြီး ဥပဒေ အရာရှိ ဒေါ်သန္တာမြင့် ဖြစ်ပါတယ်။ မကွေးမြို့ကနေ လာရောက် ဖူးမြော်တာ ဖြစ်ပါတယ်။ တိုင်း ဒေသကြီး၊ ပြည်နယ် ဥပဒေချုပ် တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် ဥပဒေအရာရှိတွေနဲ့ ခရိုင်ဥပဒေ အရာရှိတွေ အားလုံးစုပေါင်းပြီး လာရောက်ဖူးမြော်ကြခြင်း ဖြစ်ပါ တယ်။ ကျွန်မအနေနဲ့ ဒီဘုရားကြီး ကို တတိယအကြိမ် လာရောက် ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရား ကြီးကို ဖူးမြော်ရတဲ့အတွက် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘုရားကြီး က ကမ္ဘာပေါ်မှာရှိတဲ့ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးဖြစ်တဲ့အပြင် ရင်ပြင်တော် အပေါ်ကို တက်လိုက်တာနဲ့ တိမ် တိုက်ကြီးအပေါ်မှာ စံပယ်နေ သလို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တိုင် စံပယ် နေသလို ဖူးမြော်ရတဲ့အတွက် ကျွန်မအနေနဲ့ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးက သက်တော်ထင်ရှားမြတ်စွာ ဘုရားကို ဖူးမြော်ရတယ်လို့ပဲ စိတ်ထဲမှာရည်မှန်းပြီး ဝမ်းသာ ပီတိဖြစ်မိပါတယ်။
သတင်းစဉ်