မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စိတ်အေးချမ်းသာစွာဖြင့် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသူများ စည်ကားလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၅


ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်ရှိ     ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင်  တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရဟန်း၊ ရှင်လူ  ဘုရားဖူးပြည်သူအပေါင်း  အခမဲ့ လာရောက်ဖူးမြော်နိုင်ရန်    ဩဂုတ်  ၈ ရက်မှ    စတင်၍    နံနက်  ၆ နာရီမှ   ည ၈ နာရီအတွင်း    ဖွင့်လှစ်ထား ရှိရာ   ယနေ့   စက်တင်ဘာ၅ ရက်တွင်လည်း  အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးလာ  ရဟန်း၊ ရှင်လူ ပြည်သူများဖြင့်    ဗုဒ္ဓဥယျာဉ်ပရိဝုဏ်အတွင်း  စည်ကားလျက်ရှိသည်။


ယနေ့တွင်  ရာသီဥတုသာယာသည့် အားလျော်စွာ     အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ    ဘုရားဖူးခရီးသည်များ သည်  နံနက်  ၆  နာရီ   စတင်ဖူးမြော်ခွင့် ရသည့်အချိန်မှစတင်၍   တဖွဲဖွဲရောက်ရှိ လာခဲ့ကြသည်။   နံနက်ပိုင်းမှစတင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်ကြော ရှင်းလင်းခြင်းများ  ဆောင်ရွက်ပေးလျက် ရှိသည်။ 


ဘုရားဖူးခရီးသွားများ     ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း  သွားလာမှုလွယ်ကူ စေရန်အတွက်     စီစဉ်ပေးထားသည့် ဘက်ဂီမော်တော်ယာဉ်ငယ်များမှာလည်း အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာ ရေးမကောင်းသူများကို အခမဲ့  ပို့ဆောင် ပေးလျက်ရှိသကဲ့သို့  ခြေကျင်ဝင်ရောက် သည့်        ဘုရားဖူးခရီးသည်များဖြင့် စည်ကားလျက်ရှိသည်။ 


 မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား အနယ်နယ်အရပ်ရပ်မှ  ရဟန်း ရှင်လူ    ဗုဒ္ဓဘာသာဝင်အပေါင်းတို့က    စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည် ညိုခြင်း၊  တရားဘာဝနာပွားများခြင်းနှင့် ဘာသာရေးအသင်းအဖွဲ့များက မိမိတို့ အစီအစဉ်များဖြင့်  စုပေါင်းရွတ်ဖတ်ပူဇော် နေကြခြင်းတို့ကိုလည်း တွေ့ရှိရသည်။


မန္တလေးမြို့ရှိ အတုမရှိကျောင်းတော် ကြီး၏ပုံစံတူ ပဋ္ဌာန်းဒေသနာတော်မြတ် အား ရည်စူး၍ အနုပညာလက်ရာကွဲပြား သည့်  ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့တွင် လည်း ဘုရားဖူးခရီးသည်များက  ဘုရား ဖူးမြော်လျက်ရှိသည်။        မာရဝိဇယ ဘုရားကြီးရင်ပြင်တော်ပေါ်ရှိ သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကြီးအား   တီးခတ်၍ ကုသိုလ်အဖို့ဘာဂ    အမျှဝေကြသူများ၊ ဘုရားရင်ပြင်တော်    အောင်မြေပေါ်တွင်   အဓိဋ္ဌာန်ဆုတောင်း    ဖူးမြော်ကြသူများ အပြင်    ရင်ပြင်တော်ပေါ်နှင့်    ဗောဓိ ညောင်ပင်၊    လင်းလွန်းပင်နှင့်  လုမ္ဗိနီ အင်ကြင်းပင်ပျိုများအနီး        အစုအဖွဲ့ အလိုက်၊ မိသားစုလိုက် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးကြသူများဖြင့်လည်း  စည်ကား လျက်ရှိသည်ကို တွေ့ရသည်။      


ထို့ပြင်  မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်း   မြန်မာနိုင်ငံ   အင်ဂျင်နီယာ ကောင်စီနှင့်   တပ်မတော်သား     အင်ဂျင် နီယာများ၊   ကျွမ်းကျင်ဗိသုကာပညာရှင် များ၏  လက်ရာတို့ဖြင့်   တည်ဆောက် ထားသည့်   ပိဋကတ်သုံးပုံကို ပါဠိအက္ခရာ၊ Romanize Language   တို့ဖြင့်  ရေးထိုး ထားသည့် ကျောက်စာများနှင့် ကျောက်စာ ရုံစေတီ အဆူ ၇၂၀ တို့ကို ဘုရားဖူးများ စိတ်ပါဝင်စားစွာဖြင့်   ဖူးမြော်ကြည်ညို ကြသည်ကိုလည်း    မြင်တွေ့ရသည်။   ဆရာတော်၊  သံဃာတော်   မထေရ်မြတ် တို့၏  ဩဝါဒ ဖြင့် တည်ထားကိုးကွယ်သည့် မုစလိန္ဒကန် နှင့်   နဂါးရုံဘုရားတို့တွင်လည်း ရဟန်း ရှင်လူ ပြည်သူများက  ဘုရားဖူးရင်း အပန်းလည်းပြေစေနိုင်မည်  ဖြစ်ပါသည်။


ထို့အတူ  မာရဝိဇယရုပ်ပွားတော်မြတ် ကြီး၏  အခြံအရံကုသိုလ်တော်တစ်ခုဖြစ် သည့်  အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော် ကြီးကိုလည်း  အများပြည်သူတို့   လေ့လာ ကြည်ညိုနိုင်ရန်       စီစဉ်ပေးထားသည်။ ဘုရားဖူးလာရောက်ကြသူများသည် ၂၅၅ ဧက ကျယ်ဝန်းသည့်  ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ  ရေပန်းရင်ပြင်များတွင်လည်းကောင်း၊      ကျွမ်းကျင်ပညာရှင်များက  အဆင့်အတန်းမြင့်မားစွာ      တည်ဆောက် ထားသည့်   သုဓမ္မာဇရပ်ခြောက်ဆောင် တို့တွင်လည်းကောင်း   စည်ကားများပြား စွာ ဘုရားဖူး  အပန်းဖြေလျက်ရှိသည့်အပြင် အလှူခံဌာနရှိရာ        မဏ္ဍပ်တွင်လည်း အလှူရှင်များက ကြည်ညိုသဒ္ဓါထက်သန် စွာဖြင့် လှူဒါန်းခဲ့ကြသည်ကို တွေ့ရသည်။


အဆိုပါ    မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား      လာရောက်ဖူးမြော်   ကြည်ညိုကြသူများကို   အခမဲ့ဖူးမြော်ခွင့် ပေးထားပြီး ယနေ့မှစ၍ ဗုဒ္ဓဥယျာဉ်တော် အတွင်း  ဝင်ရောက်ချိန်တွင်  ကင်မရာပါ သည့်   ဖုန်း၊   အခြားဗီဒီယိုမှတ်တမ်းများ   ရိုက်ကူးခြင်းနှင့်   အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကို     ထိုက်သင့်သည့် နှုန်းထားဖြင့်      အခကြေးငွေကောက်ခံ ကာ    ယူဆောင်ခွင့်ပြုထားရှိကြောင်း၊    ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ     ယာဉ်ရပ်နား ရန်နေရာတွင်    ဝင်ရောက်ရပ်နားမည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏  ယာဉ်ရပ်နားခ ကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထား များဖြင့်   ဝင်ရောက်ခွင့်ပြုထားကြောင်းနှင့်       မာရဝိဇယ     ဗုဒ္ဓဥယျာဉ်တော်အား နေ့စဉ်  နံနက် ၆ နာရီမှ ည ၈ နာရီ အတွင်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ 


ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်