မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်ရပ်ရပ်မှ ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း လာရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်  ဩဂုတ်  ၁၇


ပြည်ထောင်စုနယ်မြေ      နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ   ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော် အောင်မြင် ခဲ့သည့်      ကမ္ဘာပေါ်ရှိ       ထိုင်တော်မူ  ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်  ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်      မာရ  ဝိဇယ       ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊  ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန်  ဩဂုတ်    ၈  ရက်မှစတင်၍    နံနက်  ၆ နာရီမှ   ည ၈ နာရီအတွင်းဖွင့်လှစ်ထားရှိရာ ယနေ့ ဒသမမြောက်နေ့  ဩဂုတ် ၁၇ ရက်တွင် လည်း  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာ ရဟန်းရှင်လူပြည်သူများ တဖွဲဖွဲဖြင့်  စည်ကားလျက်ရှိသည်။ 


ယနေ့     ဩဂုတ်  ၁၇  ရက်သည် ဘုရားဖူးပြည်သူများ  အခမဲ့လာရောက် ဖူးမြော်နိုင်ရန် ရက်သတ်မှတ်တိုးမြှင့်ထား သည့် ပထမရက်ဖြစ်သည်။ အဆိုပါပထမ ရက်တွင်လည်း   ဘုရားဖူးလာပြည်သူများ အနေဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်၊ မော်တော် ဆိုင်ကယ်များပါမကျန်     အမျိုးမျိုးသော ယာဉ်များဖြင့်   ခရီးနှင်ရောက်ရှိလာကြ သည်ကိုလည်း တွေ့ရသည်။ 


မာရဝိဇယဘုရားကြီး၏ မုခ်ဦးဝတွင် ယခင်ရက်များနည်းတူ  စည်းကမ်းတကျ၊ စနစ်တကျဖြင့်     ယာဉ်များရပ်တန့်ပြီး ဘုရားဖူးလာပြည်သူများ  စိတ်အေးချမ်း သာစွာ ဖူးမြော်ကြည်ညိုနိုင်ရန် လုံခြုံရေး အဖွဲ့များအနေဖြင့် စစ်ဆေးကြပ်မတ်ခြင်း ကိုလည်း ပြည်သူများကြည်ဖြူစွာ အစစ် ဆေးခံကြသည်ကို တွေ့မြင်ရသည်။ 


ဘုရားကြီး      ရင်ပြင်တော်ပေါ်သို့ အသုတ်လိုက်အသုတ်လိုက်ဖြင့်    တက် ရောက်ဖူးမြော်နေကြသည့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများက   ပန်းရေချမ်း ဖြင့်  မာရဝိဇယဘုရားကြီးအား  ကပ်လှူ ပူဇော်ကြခြင်း၊ ပဋ္ဌာန်းဘာဝနာ   ပွားများ ကြခြင်း၊      ဆုတောင်းမေတ္တာပို့သကြ ခြင်းများဖြင့်      စိတ်နှလုံးအေးချမ်းဖွယ် ရှိသည်။


ယနေ့တွင်    ဘုရားကြီးအားဖူးမြော် အပြီး ကျောင်းသား ကျောင်းသူများအနေ ဖြင့် မှတ်တမ်းဓာတ်ပုံများမှတ်တမ်းတင် ခြင်း၊ စိတ်အေးချမ်းသာစွာသူငယ်ချင်းများ ဖြင့်  အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ ဖြင့်  ကြည်နူးစရာမြင်ကွင်းများကိုလည်း တွေ့ရှိရသည်။ 


မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားပူဇော်ထားသည့်  ရင်ပြင်တော် ပတ်လည်၌  ဂန္ဓကုဋိတိုက်   ၂၄  ဆောင်ကို    စကျင်ကျောက်များဖြင့်   တည်ဆောက် ထားရှိရာ  ဘုရားဖူးပြည်သူများအနေဖြင့်   စိတ်အေးချမ်းသာစွာ    ဂန္ဓကုဋိတိုက်တော် များအတွင်းမှ   ဘုရားကြီးကို   ဖူးမြော် ကြည်ညိုကြသည်။ 


ထို့ပြင် ဘုရားဖူး ရဟန်းရှင်လူပြည်သူ များအနေဖြင့်    မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား  လာရောက်ဖူးမြော်ချိန်တွင် ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာ  ဋီကာ ကျမ်းစာများကို    တစ်ပါတည်း  လေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက်        စကျင် ကျောက်ချပ်များပေါ်၌    ခေတ်မီစက်ကိရိယာ များ အသုံးပြု၍   ပါဠိအက္ခရာ၊  Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်းထားသည့် ကျောက်စာ ရုံ စေတီတော်   အဆူ ၇၂၀ ကို   ရုပ်ပွား တော်မြတ်ကြီး၏      ရှေ့မျက်နှာမူရာ    တည့်တည့်၌ တည်ဆောက်ပူဇော်ထားရှိ ရာ    စိတ်ဝင်စားစွာ   ဖူးမြော်လေ့လာ ကြည်ညိုကြသည်။ 


အဆိုပါ       ကျောက်စာရုံစေတီတော်များ ကို   မန္တလေးမြို့ မဟာကုသိုလ်တော်ဘုရား  ကျောက်စာရုံများ  ပုံစံယူ၍ တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး    မည်သည့်ကျောက်စာရုံ၌     ပိဋကတ်သုံးပုံကျမ်းစာများကို   လေ့လာ သည်ဖြစ်စေ  ကျောက်စာရုံများမှ   ထွက် သည့်အခါ၌ ဘုရားကြီး၏ မျက်နှာတော်ကို တွေ့မြင်ဖူးမြော်     ကြည်ညိုနိုင်ရန်နှင့် ပိဋကတ်သုံးပုံ အဋ္ဌကထာ  ဋီကာကျမ်းစာ များသည်လည်း   ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ မျက်နှာတော်မူရာတွင်   တည်ရှိနေ ရန်  စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊  မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီမှ    ပညာရှင်များ၊  အခြားအရပ် ဘက်  ကျွမ်းကျင်ပညာရှင်များက  စနစ် တကျ   တွက်ချက်တည်ဆောက်ထားခြင်း ဖြစ်ပြီး     ဘုရားဖူးပြည်သူများအနေဖြင့်  ဝင်ရောက်ဖူးမြော်ရာ၌     ကျောက်စာရုံ စေတီတော်များ၏    ဗိသုကာလက်ရာ၊ အင်ဂျင်နီယာ     ပညာရပ်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ 
ထို့ပြင်      မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တည်ထားပူဇော်ထားရှိရာ   ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌    ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ်တော်လာအဆိုများနှင့်   မဟာ ဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံ စွာ        တည်ထားကိုးကွယ်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း ဘုရားဖူးပြည်သူများက  ကြည်ညိုစွာဖြင့် ဖူးမြော်ကြသည်။ 


ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထား ပူဇော်ထားသည့်    မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့်   ဘုရားကျောင်းကန် များအား   လာရောက်ဖူးမြော်ကြည်ညို ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာပြည်သူများ ခေတ္တအနားယူနိုင်စေရေး အတွက်      ကျွန်းတိုင်များ  အသုံးပြု၍  မြန်မာမှုလက်ရာများဖြင့်    ရှေးမူမပျက် ဆောက်လုပ်ထားသည့်   သုဓမ္မာဇရပ်များ တွင်လည်း အေးချမ်းစွာ အပန်းဖြေအနားယူ ကြသူများဖြင့် စည်ကားလျက်ရှိသည်။ 


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား    အနယ်နယ်အရပ်ရပ်မှ    ရဟန်း၊ ရှင်လူ    ဘုရားဖူးပြည်သူများ လာရောက် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက်    ဩဂုတ် ၈ ရက်မှစ၍  ၁၆  ရက်အထိ   နံနက်  ၆ နာရီမှ     ည  ၈  နာရီအတွင်း    အခမဲ့ လာရောက်       ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ  ဘုရားဖူးများဖြင့် အထူး စည်ကားလျက်ရှိသည်ကို      တွေ့ရှိရ သဖြင့် ရပ်နီး၊  ရပ်ဝေးမှ    ရဟန်း၊    ရှင်လူ ဘုရားဖူး ပြည်သူများ     စိတ်အေးချမ်းသာ စွာဖြင့်      လာရောက်ဖူးမြော်ကြည်ညို နိုင်ရန်အတွက်  ဩဂုတ်  ၁၉ ရက်အထိ  ထပ်မံ၍      ရက်သတ်မှတ်တိုးမြှင့်    အခမဲ့  ဖူးမြော်      ကြည်ညိုခွင့်ပြုပေးသွားမည် ဖြစ်သည်။ 


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သို့   ဩဂုတ်  ၂၀  ရက်နှင့်  နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား      မာရ ဝိဇယ       ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ်တော်ကြီး    ရေရှည်တည်တံ့ ခိုင်မြဲ စေရန်အတွက်  လိုအပ်သည့်     ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ    ဆောင်ရွက် ရာတွင်  ကုသိုလ်တော်ဖြစ်ပါဝင်နိုင်ရေး   မြန်မာနိုင်ငံသား    လူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ်နှင့်  နိုင်ငံခြားသားတစ်ဦးလျှင် 10 USD  နှုန်းတို့ဖြင့်  သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်းနှင့်     အသေးစိတ်ကို     မာရ ဝိဇယ         ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ Website    ဖြစ်သည့်    mbiw.myannet.com ၊ www.twitter.com/Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါကြောင်း    နှိုးဆော် အသိပေးထားသည်။ 


ဟိန်းထက်ဇော် (မြန်မာ့အလင်း)၊
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်