
နေပြည်တော် ဩဂုတ် ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံ တော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့ သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ဩဂုတ် ၈ ရက်မှ စတင် ၍ ဖူးမြော်ကြည်ညိုခွင့်ပြုခဲ့ရာ ယနေ့တွင် လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးလာပြည်သူများသည် စိတ်အားထက်သန်စွာဖြင့် တစ်ခဲနက် လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိ ကြသည်။
နံနက်ပိုင်းမှ စတင်၍ ဘုရားဖူးလာ ပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ဖူးမြော်ရန်အတွက် ဘုရားကြီးမုခ်ဦးများရှေ့တွင် စနစ်တကျ တန်းစီစောင့်ဆိုင်း၍ တာဝန်ရှိသူများ၏ လုံခြုံရေးအရ စစ်ဆေးခြင်းများကို ခံယူ လျက် ဘုရားပရိဝုဏ်အတွင်းသို့ စနစ် တကျဝင်ရောက်ကြပြီး သံဃာတော်များ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အို များ ဘုရားရင်ပြင်တော်သို့ သွားလာရေး လွယ်ကူစေရန်အတွက်လည်း မော်တော် ယာဉ်ငယ်များ စီစဉ်ဆောင်ရွက်ထားရှိပြီး ပို့ဆောင်ပေးကြသည်။
စည်ကားများပြား
ဘုရားဖူးလာပြည်သူများသည် မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော် ထားသည့် ဂန္ဓကုဋိတိုက်တော်များ၊ ကျောက်စာရုံစေတီတော် ၇၂၀ ဆူ၊ မုစလိန္ဒ ကန်နှင့် နဂါးရုံဘုရား၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော် စသည့်ဘုရား၊ ကျောင်း၊ ကန်၊ သာသနိကအဆောက်အဦများကို လေ့လာ ဖူးမြော်ကြည်ညိုကြပြီး တရားဘာဝနာ ပွားများ အားထုတ်ခြင်း၊ အသင်းအဖွဲ့ အလိုက် ဝတ်ရွတ်ပူဇော်ခြင်း ပြုလုပ်ကြသူ များဖြင့် အထူးစည်ကားလျက်ရှိကာ တရားဓမ္မအသံတို့ဖြင့် ထုံမွမ်းလျက် ရှိသည်ကိုလည်း တွေ့မြင်ရပြီး ညပိုင်း အထိပင် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရားဖူး လာပြည်သူများဖြင့် စည်ကားများပြား လျက်ရှိသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညိုကြသည့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ပြည်သူများအနေဖြင့် ကြည်ညိုသဒ္ဓါ ပွားများလျက် အလှူငွေများကို ဘုရား ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းကြပြီး သက်ဆိုင်ရာနေရာများအသီးသီး၌ ထားရှိ သည့် အလှူခံပုံး အသီးသီးတွင်လည်း စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းကြကာ ခုနစ်ရက် သားသမီးအလှူရှင်များ အနေဖြင့်လည်း ဘုရားဖူးပြည်သူများ သုံးဆောင်နိုင်ရန် အတွက် သက်သတ်လွတ်သီးစုံဒံပေါက် များကိုလည်း အာဟာရဒါနစတုဒိသာ အဖြစ် ကျွေးမွေးလှူဒါန်းကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရေး အတွက် ဩဂုတ် ၈ ရက်မှစ၍ ၁၆ ရက် အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ ဘုရားဖူးများဖြင့် အထူး စည်ကားလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်နီး၊ ရပ်ဝေးမှ ရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော် ကြည်ညိုနိုင်ရန် အတွက် ဩဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ ထပ်မံ၍ ရက်သတ်မှတ်တိုးမြှင့် အခမဲ့ ဖူးမြော်ကြည်ညို ခွင့်ပြုပေးသွားမည် ဖြစ်ပါသည်။
လေ့လာကြည့်ရှုနိုင်
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ ဩဂုတ် ၂၀ ရက်နှင့် နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ် တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ်ပါဝင်နိုင်ရေး မြန်မာ နိုင်ငံသားလူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ် နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ်ကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် အသေးစိတ်အား မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.com ၊ www.twitter.com/Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော် ၍ နှိုးဆော်အသိပေးအပ်ပါသည်။
အောင်ရဲသွင်၊
ဓာတ်ပုံ - ကိုအေးသန်း