
နေပြည်တော် မေ ၆
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည် ဆောက် ပူဇော်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ဗဟန်းမြို့နယ် အလယ် တောရစာသင်တိုက်၊ နိုင်ငံတော် သြဝါဒါစရိယ ဘဒ္ဒန္တ ဂန္ဓာမာလာ ဘိဝံသ ဦးဆောင်သော ရန်ကုန် တိုင်းဒေသကြီးမှ ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်စုစုပေါင်း ၆၅ ပါးတို့က ယနေ့ နံနက်ပိုင်းတွင် လာရောက်လေ့လာ ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ဆရာတော်၊ သံဃာ တော်ကြီးများအား ရှင်းလင်း ဆောင်၌ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာ လင်းက မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထား ကိုးကွယ်ရန် စကျင် ကျောက်တော်ကြီးအား အဆင့် ဆင့် တူးဖော်ခြင်းနှင့် ကျောက်တုံး တော်ကြီးများအား ရေလမ်း ကြောင်း၊ ကုန်းလမ်းကြောင်းများ ဖြင့် ပင့်ဆောင်ခဲ့ရမှု၊ ရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃/၄)တို့ကို ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့ ပင့်ဆောင် နိုင်ရန် သံမဏိမျှော်စင် ဝန်ချီစက် တည်ဆောက်ခြင်း၊ ရုပ်ပွားတော် မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချထားခြင်းလုပ် ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှု အခြေအနေများ၊ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်ကြီးနှင့် သာသနိက အဆောက်အဦ စိမ်းလန်းစိုပြည် သာယာလှပစေရေးအတွက် သစ် ပင်၊ ပန်းမန်များ စိုက်ပျိုးဆောင်ရွက် နေမှု၊ သာသနိက အဆောက်အဦ များ ဆောက်လုပ်နေမှုနှင့် အဆင့် ဆင့်တိုးတက်လာမှုအခြေအနေများ ကို ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်ကြီးများ သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ပလ္လင်တော်တည် ဆောက်ပြီးစီးမှု၊ ဗုဒ္ဓဥယျာဉ်တော် ကြီးအတွင်းရှိ သာသနိက အဆောက်အဦများ တည်ဆောက် ပြီးစီးမှုနှင့် ဆက်လက်တည် ဆောက်နေမှု အခြေအနေများကို လည်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ကြွရောက်လာ ကြသော ဆရာတော်၊ သံဃာတော် ကြီးများအား ရန်အောင်မြင် တောရ (မြို့တော်ဝန်ကျောင်း) ရှိ ဘောဇနသမ္ပဒါ ဆွမ်းစားကျောင်း ၌ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ် ကြီး ကျော်စွာလင်းနှင့် တာဝန်ရှိသူ များက ဆရာတော်၊ သံဃာတော် ကြီးများ ရွတ်ဖတ်သရဇ္စျယ်တော် မူသည့် မင်္ဂလသုတ်နှင့် အန္တရာယ် ကင်း ပရိတ်တရားတော်တို့ကို နာယူ ကြည်ညိုကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်