မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှုများအား ပဲခူးမြို့မှ ပင့်ဖိတ်ထားသောဆရာတော်ကြီးများ လေ့လာဖူးမြော်ကြည်ညို

 

နေပြည်တော်   မေ   ၅


ပြည်ထောင်စုနယ်မြေ   နေပြည်တော်   ဒက္ခိဏသီရိ မြို့နယ် ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ဆောက်ပူဇော် လျက်ရှိသည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်/ နန်းတော်ရာ ရပ်မှ   နိုင်ငံတော်သံဃမဟာနာယက  ဆရာတော် ဘဒ္ဒန္တသူရိယ   ဦးဆောင်လျက်   ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော် စုစုပေါင်း ၉၆ ပါးတို့က ယနေ့နံနက်ပိုင်းတွင်   လာရောက်လေ့လာဖူးမြော် ကြည်ညိုကြသည်။

 


ဦးစွာ   ဆရာတော်၊ သံဃာတော်ကြီးများအား ရှင်းလင်းဆောင်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း က    မာရဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထား ကိုးကွယ်ရသည့် ရည်ရွယ်ချက်၊ တည်ထား ကိုးကွယ်ရန် စကျင်ကျောက်တော်ကြီးအား အဆင့်ဆင့် တူးဖော်ခြင်းနှင့်    ကျောက်တုံးတော်ကြီးများအား ရေလမ်းကြောင်း၊    ကုန်းလမ်းကြောင်းများဖြင့် ပင့်ဆောင်ခဲ့ရမှု၊           ရုပ်ပွားတော်မြတ်ကြီး၏  ဆင်းတုတော် အပိုင်း(၁/၂/ ၃/ ၄)တို့အား ထုဆစ်ခြင်း၊ ပလ္လင်တော်အထက်သို့   ပင့်ဆောင်နိုင်ရန်    သံမဏိ မျှော်စင် ဝန်ချီစက်တည်ဆောက်ခြင်း၊ ရုပ်ပွားတော် မြတ်ကြီးအား ပင့်ထောင်ခြင်းနှင့် ပင့်ဆောင်နေရာချ ထားခြင်း     လုပ်ငန်းအဆင့်ဆင့်    ဆောင်ရွက်နေမှု အခြေအနေများ၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် သာသနိကအဆောက်အဦ စိမ်းလန်းစိုပြည်သာယာ လှပစေရေးအတွက်  သစ်ပင်၊ ပန်းမန်များ  စိုက်ပျိုး ဆောင်ရွက်နေမှု၊  သာသနိက  အဆောက်အဦများ ဆောက်လုပ်နေမှုနှင့်     အဆင့်ဆင့်တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းလျှောက်ထားသည်။ 

 


ထို့နောက်    ပင့်ဖိတ်ထားသော    ဆရာတော်၊ သံဃာတော်ကြီးများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ပလ္လင်တော်တည်ဆောက်ပြီးစီးမှု၊ ဗုဒ္ဓ  ဥယျာဉ်တော်ကြီးအတွင်းရှိ  သာသနိက အဆောက် အဦများ     တည်ဆောက်ပြီးစီးမှုနှင့်    ဆက်လက် တည်ဆောက်နေမှုအခြေအနေများကို  လှည့်လည် ကြည့်ရှုကြသည်။

 


ယင်းနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်ကြီးများအား   နေ့ဆွမ်းနှင့်    လှူဖွယ် ပစ္စည်းများ   ဆက်ကပ်လှူဒါန်းကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ   စစ်ထောက်ချုပ်   ဒုတိယ ဗိုလ်ချုပ်ကြီး   ကျော်စွာလင်း၊  တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက          ဆရာတော်၊ သံဃာတော်ကြီးများ၏ ပရိတ်တရားတော်များကို နာယူခဲ့ကြကြောင်း သတင်းရရှိသည်။     


 သတင်းစဉ်