
နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်၌ တည် ထားလျက်ရှိသော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပူဇော်ခြင်း လုပ်ငန်းများ အတွက် အလှူငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခြင်းနှင့် ရခိုင် ပြည်နယ် သဘာဝဘေးဒဏ်သင့် ဒေသများရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတွက် စာသင်ခုံများဝယ်ယူရန် အလှူ တော်ငွေများ ပေးအပ်လှူဒါန်း ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် အလှူရှင် များက လာရောက်လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ကြပြီး သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည် ဆောက်ပူဇော်ခြင်း လုပ်ငန်းများ အတွက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နေ ဦးမောင်မောင်၊ Asia Express Yangon Co., Ltd မိသားစု (ဇမ္ဗူသီရိဟိုတယ်) က အလှူငွေကျပ် သိန်း ၁၀၀၀ ကို လည်းကောင်း၊ ရခိုင်ပြည်နယ် သဘာဝဘေးဒဏ်သင့် ဒေသများ ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများအတွက် စာသင်ခုံများ ဝယ်ယူရန် ရွှေဓနအောင်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ စိုးသိန်းက အလှူတော်ငွေကျပ် သိန်း ၁၆၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ ဘာသာ ပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ (ဗဟို) အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်မင်းကျော်သူက အလှူတော်ငွေကျပ် သိန်း ၅၀ နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)က အလှူတော် ငွေကျပ် သိန်း ၃၀ တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်