
နေပြည်တော် ဖေဖော်ဝါရီ ၄
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမတို့က မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာ ကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော် မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုကို အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူ ဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်အတွင်း၌ သာသနာ တော်ထုံး၊ ရုပ်ပွားဆင်းတုတော် ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည် ဆောက်ပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ် ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေ ထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည် ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေ ငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ် ပါသဖြင့် ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာ ကုသိုလ်ပြုနိုင်ရန်အတွက် နိဗ္ဗာန် အကျိုးမျှော်၍ အသိပေးနှိုးဆော် ထားလျက်ရှိရာ (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင် လှူဒါန်းလျက်ရှိကြပြီး ယနေ့ တွင် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေသို့ ရွှေထည် ၄၈ ကျပ်သား ၈ ပဲ ၆ ရွေး၊ ကျောက် မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၃၆ ကျပ်သား ၆ ပဲ၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ရန်ကုန်တိုင်းဒေသ ကြီး၌ ရွှေထည် ၃၈ ကျပ်သား ၁၅ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေ ထည်ပစ္စည်း ၆၇ ကျပ်သား ၅ ပဲ ၁ ရွေး၊ စိန်၊ ပုလဲ၊ ပလက်တီနမ်နှင့် ကျောက်မျိုးစုံ၊ ငွေထည်ပစ္စည်း များ၊ ဘွဲ့တံဆိပ်များ၊ အလှူငွေ ကျပ် ၄၆၀၉၀၀၀ နှင့် မန္တလေးတိုင်း ဒေသကြီး၌ ရွှေထည် ၁၂ ကျပ်သား ၁၃ ပဲ ၁ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၈ ကျပ်သား ၇ ရွေး၊ စိန်၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ငွေထည်ပစ္စည်းများ၊ အလှူငွေ ကျပ် ၃၉၄၆၅၀၀ တို့ကို လာရောက် လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ရွှေထည် ၂၅ ကျပ်သား ၁ ရွေး၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၁၄ ကျပ်သား ၁၃ ပဲ ၆ ရွေး၊ စိန်၊ ပုလဲ နှင့် ကျောက်မျိုးစုံ၊ ဓာတ်တော် မွေတော်များ၊ ဆင်းတုတော် ၁၀ ဆူ၊ ငွေထည်ပစ္စည်းများ၊ ဘွဲ့ တံဆိပ်များ၊ အလှူငွေကျပ် ၆၅၄၂၆၂၀၀ နှင့် အိန္ဒိယငွေ ၁၀ ရူပီးတို့ကို ဌာပနာသွင်းလှူ ပူဇော်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
(၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ဒါယိကာမများ၊ စေတနာ ရှင်၊ အလှူရှင်များအနေဖြင့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ် ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော် လိုပါက နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တာဝန်ရှိသူ များထံသို့ ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ် စုံစမ်း လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ အသိပေးနှိုးဆော် အပ်ပါသည်။
သတင်းစဉ်