
နေပြည်တော် ဖေဖော်ဝါရီ ၁
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမတို့က မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာ ကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော် မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုကို အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်အတွင်း၌ သာသနာ တော်ထုံး၊ ရုပ်ပွားဆင်းတုတော် ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့် အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ် ခဲ့ပြီး (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာ ရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်း ထားသည့် ရွှေထည် ၁၀၄ ကျပ် သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက် မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော် များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြား များ၊ အဖိုးတန်ရွှေ ငွေ ကျောက်သံ ပတ္တမြားများကို ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့သည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံ ထည့်သွင်း လှူဒါန်းပူဇော်မည်ဖြစ် ပါသဖြင့် ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာ ကုသိုလ်ပြုနိုင်ရန်အတွက် နိဗ္ဗာန် အကျိုးမျှော်၍ အသိပေးနှိုးဆော် ထားလျက်ရှိရာ (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင် လှူဒါန်းလျက်ရှိကြပြီး ယနေ့တွင် နေပြည်တော်ကောင်စီ ပြည် ထောင်စုနယ်မြေသို့ ရွှေထည် ၁၂ ကျပ်သား ၁ ပဲ၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၅၁ ကျပ် သား ၆ ပဲ ၆ ရွေး၊ ပုလဲနှင့် ကျောက် မျက်ရတနာမျိုးစုံ၊ ရန်ကုန်တိုင်း ဒေသကြီး၌ ရွှေထည် ၄ ကျပ်သား ၇ ပဲ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၃ ကျပ် ၈ ပဲ ၂ ရွေး၊ စိန်၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ငွေနှင့် ငွေထည်ပစ္စည်းများ၊ အလှူ ငွေကျပ် ၁၇၉၀၀၀၀ နှင့် မန္တလေး တိုင်းဒေသကြီး၌ ရွှေထည် ၁၀ ကျပ် သား ၆ ပဲ ၆ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၄ ကျပ် သား ၁၁ ပဲ ၆ ရွေး၊ စိန်၊ ပုလဲ၊ ကျောက်မျိုးစုံနှင့် ငွေထည်ပစ္စည်း များ၊ အလှူငွေကျပ် ၅၈၈၆၀၀၀ တို့ကို လာရောက်လှူဒါန်းခဲ့ ကြောင်း၊ ထို့ပြင် အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌လည်း ရွှေထည် ၂၄ ကျပ်သား ၇ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၂၀ ကျပ်သား ၉ ပဲ ၃ ရွေး၊ ပတ္တမြား၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ အလှူငွေကျပ် ၁၉၆၂၈၄၅၀ တို့ကို ဌာပနာသွင်းလှူပူဇော်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
(၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာ ရှင်၊ အလှူရှင်များအနေဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာ တော် ထပ်မံထည့်သွင်း သွင်းလှူ ပူဇော်လိုပါက နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ တာဝန်ရှိ သူများထံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ် စုံစမ်း လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။
သတင်းစဉ်