မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း သွင်းလှူပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ  ၃၁


နိုင်ငံတော်      စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီး ချုပ်          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမတို့က မာရ ဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော် ထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာ ကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊  ရုပ်ပွားတော် မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုကို အထောက်အကူ      ဖြစ်စေရန်၊ နိုင်ငံတော်    ဖွံ့ဖြိုးတိုးတက်မှု အား  အထောက်အကူဖြစ်စေရန်  ရည်သန်လျက်   ပြည်ထောင်စု နယ်မြေ  နေပြည်တော်  ဒက္ခိဏ သီရိမြို့နယ်အတွင်း၌    သာသနာ တော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊  မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာ ပုံကျမ်း၊   ဗိသုကာကျမ်း၊  မဟာ   ဗုဒ္ဓဝင်ကျမ်း   အစရှိသော  စာပေ  ကျမ်းဂန်များနှင့်အညီ         တည် ဆောက်ပူဇော်လျက်ရှိသည်။ 

 


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော် ထက်    အလယ်ဗဟိုဌာနတွင် ဌာပနာတော်  သွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ် ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊           ဒါယိကာမများ၊ စေတနာရှင်၊     အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့်   ရွှေ ထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါ အဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာ တော်များ၊   နိုင်ငံတကာမှ  ငွေ ဒင်္ဂါးပြားများ၊       အဖိုးတန်ရွှေ ငွေ  ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။

 


ထို့ပြင်  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်  ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ် ပါသဖြင့် ကုသိုလ်တော်  ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့်  အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာ ကုသိုလ်ပြုနိုင်ရန်အတွက် နိဗ္ဗာန် အကျိုးမျှော်၍  အသိပေးနှိုးဆော် ထားလျက်ရှိရာ (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊  ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာ   ဆက်သွယ်၍ ဌာပနာကုသိုလ်များကို  ထည့်ဝင် လှူဒါန်းလျက်ရှိကြပြီး   ယနေ့ တွင်    နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေသို့ ရွှေထည် ၁၅ ကျပ်သား ၅ ပဲ ၅ ရွေး၊ ကျောက် မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၃ ကျပ်သား   ၇  ပဲ  ၄  ရွေး၊  ပုလဲ နှင့်   ကျောက်မျက်ရတနာမျိုးစုံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရွှေထည် ၁၂ ကျပ်သား ၄ ပဲ ၂ ရွေး၊ ကျောက် မျက်ရတနာပါ ရွှေထည်ပစ္စည်း ၂၅ ကျပ်သား  ၁၀  ပဲ  ၂  ရွေး၊ ပုလဲနှင့် ကျောက်မျိုးစုံ၊ ငွေထည်ပစ္စည်းများ နှင့်  နိုင်ငံ့ဂုဏ်ဆောင်ဘွဲ့တံဆိပ် များ၊  အလှူငွေကျပ်  ၂၁၅၀၀၀၀ နှင့်   မန္တလေးတိုင်းဒေသကြီး၌ ရွှေထည် ၁ ကျပ်သား ၅ ပဲ ၇ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း   ၁၀  ကျပ်သား၊  ပုလဲ၊ ကျောက်မျိုးစုံနှင့် ငွေထည်ပစ္စည်း များ၊ အလှူငွေကျပ် ၁၁၈ သိန်း တို့ကို လာရောက်လှူဒါန်းခဲ့ ကြောင်း၊ ထို့ပြင်   အခြားတိုင်း ဒေသကြီးနှင့်    ပြည်နယ်များ၌ လည်း ရွှေထည် ၁၀ ကျပ်သား ၁၀ ပဲ ၂ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၄ ကျပ်သား ၄ ပဲ ၂ ရွေး၊ ပတ္တမြားဆင်းတုတော် တစ် ဆူ၊ ၁ ဒသမ ၄ ဂရမ်ရှိ ပတ္တမြား နားကပ် တစ်ရန်၊  ပုလဲ  ၂၇   လုံး၊ ပီခြူးလက်ကောက် နှစ်ကွင်းနှင့် ကျောက်မျိုးစုံတို့ကို   ဌာပနာ သွင်းလှူပူဇော်ရန်      အတွက်  သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ လာရောက်   လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 

 


(၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊          ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ  အနေ ဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာ တော်ထပ်မံထည့်သွင်း သွင်းလှူ ပူဇော်လိုပါက   နေပြည်တော် ကောင်စီနယ်မြေ    အပါအဝင် သက်ဆိုင်ရာ   တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ   တာဝန်ရှိသူများ ထံသို့ ဖေဖော်ဝါရီ ၈ ရက်အထိ ဆက်သွယ်  စုံစမ်းလှူဒါန်းနိုင် ပါကြောင်း   နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။


သတင်းစဉ်