
နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ တို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းလင်း တောက်ပလျက်ရှိ သည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီး အား ပြည်တွင်း၊ ပြည်ပ ဘုရားဖူး များ လာရောက်ခြင်းဖြင့် ဒေသ တိုးတက်စည်ကားမှုကို အထောက် အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူဖြစ်စေရန် ရည်သန် လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ ရိုးရာ တည်ထုံးများ၊ ဌာပနာ ပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာ ဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေ ကျမ်းဂန်များနှင့်အညီ တည် ဆောက်ပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ် ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာ ရှင်၊ အလှူရှင်များ စုပေါင်း လှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါ အဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာ မှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန် ရွှေငွေ ကျောက်သံပတ္တမြားများ ကို ဌာပနာသွင်းလှူ ပူဇော်နိုင် ခဲ့သည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ရတနာပလ္လင်တော် ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်း လှူဒါန်းပူဇော် မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန် ကျောက်မျက်ရတနာ များ ဌာပနာတော်ကုသိုလ်ပြုနိုင် ရန်အတွက် ဆက်သွယ်လှူဒါန်း နိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ခဲ့ရာ (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက နေပြည်တော် ကောင်စီ ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန် ရှိသူများထံသို့ ဝမ်းပန်းတသာ ဆက်သွယ်၍ အဖိုးတန်ကျောက် မျက်ရတနာ ဌာပနာတော် ကုသိုလ်ပစ္စည်းများကို ထည့်ဝင် လှူဒါန်းခဲ့ကြသည်။
(၇)ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များလှူဒါန်း ခဲ့သည့် အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ် ပစ္စည်းများကို မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ရတနာ ပလ္လင်တော်ထက် အလယ်ဗဟို ဌာနများတွင် ဌာပနာတော် ထပ်မံ ထည့်သွင်း လှူဒါန်းပူဇော်ရန် အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင် ရွက်လျက်ရှိပြီး ယနေ့တွင် ကျောက်စာရုံ စေတီတော်များ၊ ရေပန်း ရင်ပြင်တော်များနှင့် ဘုရားကြီး ရင်ပြင်တော်များတွင် မီးထွန်းပူဇော်ခြင်းများကို အများ ပြည်သူများအနေဖြင့် ကြည်နူး ကြည်ညိုသပ္ပာယ်စွာဖြင့် တွေ့မြင် ကြရမည်ဖြစ်ပါသည်။
သတင်းစဉ်