မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း လှူဒါန်းပူဇော်နိုင်ရေး စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်း

 

နေပြည်တော်    ဖေဖော်ဝါရီ     ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပ လျက်ရှိသည်ကို   ကမ္ဘာကို   ပြသရန်၊    တိုင်းပြည်အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့်    ဒေသတိုးတက်စည်ကားမှုကို    အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများ၊    ဌာပနာပုံကျမ်း၊   ဗိသုကာကျမ်း၊    မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက် ရှိသည်။ 

 


အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော် ထက်   အလယ်ဗဟိုဌာနတွင်  ဌာပနာတော်  သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည် ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါ အဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြား များ၊  အဖိုးတန်ရွှေငွေ  ကျောက်သံပတ္တမြားများကို  ဌာပနာသွင်းလှူ ပူဇော်နိုင်ခဲ့သည်။

 


ထို့ပြင်   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏    ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည် ဖြစ်ပါ သဖြင့်    ကုသိုလ်တော်    ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့်    အဖိုးတန် ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် ယနေ့အထိ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော် ထားသည်။

 


နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ထားရှိမှုကြောင့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင် များက  နေပြည်တော်ကောင်စီ   ပြည်ထောင်စုနယ်မြေ   အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများထံသို့ ဝမ်းပန်း တသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင်လှူဒါန်းခဲ့ကြရာ  လှူဒါန်းမှုစုစုပေါင်းမှာ ရွှေထည် ၁၂ ပိဿာ ၃၈ ကျပ်သား၊ ကျောက်မျက် ရတနာပါ ရွှေထည်ပစ္စည်း ၁၅ ပိဿာ ၇၂ ကျပ်သား၊ ကျောက်မျိုးစုံ ၉၂ ပိဿာ ၅၆ ကျပ်သား၊ ဓာတ်တော်မွေတော်၊ ပုလဲ၊ နှင့် ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များနှင့် အလှူငွေ ၇၅၁၃၇၇၆၀၀ ကျပ်တို့ကို လာရောက် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

 


(၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာ ပလ္လင်တော်ထက်    အလယ်ဗဟိုဌာနများတွင်    ဌာပနာတော်ထပ်မံ ထည့်သွင်း သွင်းလှူပူဇော်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများရှိပါသဖြင့်     အဖိုးတန်ကျောက်မျက်ရတနာများ၊     ဌာပနာပစ္စည်း များကို   လက်ခံခြင်းမရှိတော့ဘဲ    လှူဒါန်းငွေများကိုသာ   လက်ခံ သွားမည်ဖြစ်ကြောင်း   နိဗ္ဗာန်အကျိုးမျှော်၍   အသိပေး   နှိုးဆော် ထားသည်။

သတင်းစဉ်