မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်းလှူဒါန်း ပူဇော်မည်ဖြစ်ပါသဖြင့် သွင်းလှူပူဇော်နိုင်ရေး အသိပေးနှိုးဆော်ခြင်း

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပ လျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊  တိုင်းပြည်အေးချမ်းသာယာမှုရှိ စေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ် စေရန်၊ နိုင်ငံတော်  ဖွံ့ဖြိုးတိုးတက်မှုအား  အထောက်အကူဖြစ်စေရန် ရည်သန်လျက်   ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဒက္ခိဏသီရိ မြို့နယ်အတွင်း၌   သာသနာတော်ထုံး၊  ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓ ဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော် လျက်ရှိပြီး  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏  ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်း လှူဒါန်း ပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် လှူဒါန်းပူဇော်လိုသည့်    (၇) ရက်   သား၊  သမီး၊  ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် အချိန်မီ သွင်းလှူ ပူဇော်နိုင်ရေး အောက်ပါဖုန်းနံပါတ်များသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေး နှိုးဆော်အပ်ပါသည်။


    (က)    ဒုတိယဗိုလ်မှူးကြီး အောင်ထက်ဟိန်း    ၀၉-၂၀၁၄၄၇၀
    ( ခ )    ဒုတိယဗိုလ်မှူးကြီး အောင်ကိုကို    ၀၉-၂၅၉၀၉၉၈၉၉