မာရဝိဇယဘုရားကြီးကို အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေးတဲ့ ဦးဆောင်ဘုရားဒါယကာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြည်သူတွေကိုယ်စား ကျေးဇူးတင်ပါတယ်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်  ဒက္ခိဏသီရိမြို့နယ်ရှိ    ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း   တည်ထား သော  ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး  ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးဖြစ်သည့်     မာရဝိဇယ   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား  ဩဂုတ် ၈  ရက်မှစတင်၍    ရဟန်းရှင်လူ အများပြည်သူတို့  အခမဲ့လာရောက် ဖူးမြော်နိုင်ရန်  ဖွင့်လှစ်ထားရှိခဲ့ပြီး ယနေ့   စက်တင်ဘာ ၆ ရက်တွင် ဘုရားဖူးပြည်သူများ အခမဲ့ဖူးမြော် နိုင်ပြီး ကင်မရာပါရှိသည့် လက်ကိုင် ဖုန်းများကို    ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက်   အလှူ တော်ငွေကျပ် ၁၀၀၀ ဖြင့်  ဝင်ခွင့် ပြုခဲ့ရာ      လာရောက်ဖူးမြော် ကြည်ညိုကြသူများ    စည်ကား လျက်ရှိသည်ကို မြင်တွေ့ရသည်။


အဖွဲ့အလိုက်      ဘုရားဖူးများ၊ အနယ်နယ်အရပ်ရပ်မှ  ဖူးမြော်သူ များ၏      ကြည်ညိုသဒ္ဓါအား ကောင်းစွာ လှူဒါန်းပူဇော်နေမှုများ နှင့်   ပျော်ရွှင်စွာ    လေ့လာဖူးမြော် နေမှုများကို  မြင်တွေ့ရပြီး ဘုရား ကြီးသို့   လာရောက်ဖူးမြော်သူများ ၏    ပီတိစကားများ၊   အနုမောဒနာ သာဓုခေါ်သံများနှင့်     သဘောထား အမြင်များကို စုစည်းဖော်ပြလိုက် ပါသည်။


ဉူးကေလာသ (ရန်ကုန်မြို့)


ဦးပဉ္စင်းတို့က    ရန်ကုန်မြို့ ကနေ     နတ်မောက်မြို့မှာရှိတဲ့ စာသင်တိုက်က သံဃာတော်တွေ ကို ဆွမ်းကပ်ဖို့ထွက်လာတာဖြစ်ပါ တယ်။      ဦးပဉ္စင်းရဲ့မွေးနေ့လည်း ဖြစ်ပါတယ်။       မွေးနေ့လည်းဖြစ် တော့ နတ်မောက်မြို့မရောက်ခင် စကျင်ကျောက်နဲ့ထုဆစ်ထားတဲ့ ကမ္ဘာပေါ်မှာ   အကြီးဆုံးဖြစ်တဲ့ မာရဝိဇယ  ထိုင်တော်မူဗုဒ္ဓရုပ်ပွား တော်ကြီးကို    ဝင်ရောက်ဖူးမြော် မယ်လို့    လမ်းခရီးစထွက်လာ ကတည်းက   စီစဉ်ထားတာပါ။ အရင်ကတော့    ရုပ်မြင်သံကြား သတင်းတွေနဲ့  သတင်းစာတွေမှာ ဖူးမြော်ရတာပေါ့။     ကိုယ်တိုင် ဖူးမြော်ကြည်ညိုချင်တဲ့  စိတ်ဆန္ဒ တွေက  ဒီနေ့ဒီနေရာကို  ရောက် လာအောင်   တွန်းပို့နိုင်ခဲ့တာပါ။ ကိုယ်တိုင်      ဖူးမြော်ခွင့်ရတဲ့အခါ မွေးနေ့မှာ    စိတ်ချမ်းသာမှုတွေ ပြည့်ပြည့်ဝဝ       ရရှိပါတယ်။ ဦးဆောင်    ဘုရားဒါယကာကြီး အနေနဲ့  ဘယ်သူမှ   မလုပ်နိုင်တဲ့ အလုပ်တွေ၊ ခဲရာခဲဆစ်လုပ်ခဲ့ရတဲ့ အလုပ်တွေ၊ ကမ္ဘာပေါ်မှာ အကြီးဆုံး    စကျင်ကျောက်    ဘုရားကြီးဆိုတဲ့         ဂုဏ်သတင်းတွေ     ကြီးမားလာ အောင် ကြိုးစားအကောင်အထည် ဖော်တာတွေကို       တွေ့မြင်နေရ တာ       ဘယ်လောက်ခက်ခဲမလဲ ဆိုတာ  ဦးပဉ္စင်းတို့   သိပါတယ်။   အဓိကကတော့ စွမ်းနိုင်တဲ့ ပုဂ္ဂိုလ် အနေနဲ့ပဲ   အခုလို   မာရဝိဇယ ဘုရားကြီးကို   အချိန်တိုအတွင်းမှာ တည်ထားနိုင်တာ   ဖြစ်ပါတယ်။    ဒီလို       တည်ထားခြင်းကြောင့် သမိုင်းမှာ ပယ်ဖျောက်လို့ မရတာ တွေ     ကျန်ခဲ့ပါတယ်။   ဦးပဉ္စင်း အနေနဲ့  မာရဝိဇယဘုရားကြီးကို အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပြုပေး တဲ့       ဦးဆောင်ဘုရားဒါယကာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ကို         ပြည်သူတွေကိုယ်စား    ကျေးဇူးတင်ပါတယ်။   ခုနစ်ရက် သားသမီးတွေ     အန္တရာယ် ကင်းရှင်းကြပါစေ။     သွားလာ အိပ်စက်တဲ့အခါ  ကပ်ကြီးသုံးပါးမှ အမြဲထာဝရ    ကျော်လွှားနိုင်ကြ ပါစေလို့   ဆုတောင်းမေတ္တာပို့သ လိုက်ပါတယ်။ 


ဒေါ်ခင်စီလွင်  (ရန်ကုန်မြို့)


ကျွန်မအနေနဲ့  လူဖြစ်ကျိုးနပ် ရအောင်     ရန်ကုန်မြို့ကနေပြီး မာရဝိဇယဘုရားကြီးကို    လာ ရောက်     ဖူးမြော်ဖြစ်ခဲ့တာပါ။ ဦးဆောင်ဘုရားဒါယကာကြီး ဖြစ် တဲ့    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး     မင်းအောင်လှိုင်အနေနဲ့  တိုင်းပြည် အတွက်        တည်ပေးထားတဲ့ ဘုရားကြီးကို  ဘုရားဖူးရဟန်း ရှင်လူပြည်သူတွေ      ဩဂုတ်လ ၈ ရက်နေ့ကနေ        ယနေ့အထိ စည်စည်ကားကားနဲ့      လာရောက် ဖူးမြော်ကြည်ညို    နေကြတာကို လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ စိန်ရတု      လွတ်လပ်ရေးနေ့ နေပြည်တော်မှာ        ကျင်းပတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်တဲ့ အခမ်းအနားမှာ ကျွန်မရဲ့ဖခင် ဖြစ် တဲ့   ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     (ငြိမ်း) ဗိုလ်ချုပ်မြင့်လွင်ကို  နိုင်ငံတော်က သီရိပျံချီဘွဲ့        အပ်နှင်းတဲ့အခါ ကျွန်မ      တက်ရောက်လက်ခံခဲ့ပါ တယ်။    အဲဒီတုန်းက  မာရဝိဇယ ဘုရားကြီးကို    တည်ထားနေဆဲ ဖြစ်တဲ့အတွက်    မဖူးမြော်ဖြစ်ခဲ့ ပါဘူး။ ဘုရားကြီးကို  ဖူးမြော်တဲ့ အခါ ဝှီးချဲကအစ၊  ဘက်ဂီကအစ၊ စက်လှေကားအဆုံး        အစစ အရာရာ အသေးစိတ်ဆောင်ရွက် ပေးထားတာတွေကို   မြင်ရတော့ သာဓုအကြိမ်ကြိမ် ခေါ်ဆိုပါတယ်။ နိုင်ငံသူ  နိုင်ငံသား၊    ကမ္ဘာသူ ကမ္ဘာသား  ကျန်းမာချမ်းသာကြ ပါစေလို့    ဘုရားကြီးဖူးမြော်ရင်း ဆုတောင်းမေတ္တာတွေ   ပို့သပေး ခဲ့ပါတယ်။ 


ဒေါ်အိဇင်ဝေမွန်  ဆရာမ 
(နေပြည်တော် အ.ထ.က ၁၁)


ကမ္ဘာ့ဉာဏ်တော်  အမြင့်ဆုံး  ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးဖြစ်တဲ့   မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို    ကျောင်းသား ကျောင်းသူလေးတွေ   ဖူးမြော်နိုင် အောင်ဆိုပြီး  ကျောင်းအုပ်ဆရာမ ကြီးရဲ့စီစဉ်မှုနဲ့  လာရောက်ဖူးမြော် ဖြစ်ခဲ့ပါတယ်။    ဂန္ဓကုဋိတိုက် ၂၄ တိုက်အတွင်းက ၂၄ ပစ္စည်းတွေကို ကလေးတွေ    မသိသေးတာတွေ အများကြီးသိလာရတယ်။   ကျွန်မ အနေနဲ့လည်း     ကျောင်းသား ကျောင်းသူလေးတွေ        နားလည် လာအောင်   ရှင်းပြခွင့်ရပါတယ်။ ကျောင်းသား ကျောင်းသူလေးတွေ အနေနဲ့       စကျင်ကျောက်တွေ နဲ့     ထွင်းထုထားတဲ့       အနုစိတ် လက်ရာတွေကိုလည်း   သေသေ ချာချာ စိတ်ဝင်တစားလေ့လာနေ ကြတာကိုလည်း  မြင်တွေ့ရတော့ ယဉ်ကျေးလိမ္မာတာတွေ၊   အသိ ပညာဗဟုသုတတွေ   တိုးပွားလာ မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်မ တို့ကျောင်းမှာ  အတန်းတိုင်းက ကလေးတွေကို  ဘုရားကြီးဖူးမြော် ဖို့အတွက်  လိုက်လံပို့ဆောင်ပေး နေပါတယ်။  ကျွန်မတို့ကျောင်းက ကျောင်းသား    ကျောင်းသူလေး တွေကို     ပို့ဆောင်ပေးသလိုပဲ အခြားအခြားသော ကျောင်းတွေ က ကလေးတွေကိုလည်း အသိ ပညာဗဟုသုတတွေ တိုးပွားလာ အောင် လိုက်လံပို့ဆောင်ပေးစေ ချင်ပါတယ်။      ကျောင်းသား ကျောင်းသူလေးတွေက ဘုရားကြီး ဖူးမြော်ဖို့  ဝင်ကြေးပေးရမှာလား ဆရာမဆိုပြီး ကျောင်းမှာ မေးလာ တာရှိပါတယ်။ ဝင်ကြေးမပေးရပါ ဘူးလို့ရှင်းပြတော့  ဝမ်းသာနေကြ တာလည်းမြင်ရပါတယ်။ ဘုရားကြီး ဖူးမြော်ဖို့ ဝင်ကြေးအခမဲ့ဆိုတော့ ကျောင်းသား ကျောင်းသူလေးတွေ ပျော်ရွှင်နေတာ   မြင်ရပါတယ်။ အခုလို အခမဲ့  ဝင်ရောက်ဖူးမြော် နိုင်အောင် စီစဉ်ပေးတဲ့    ဦးဆောင် ဘုရားဒါယကာကြီးကို     အထူးပဲ ကျေးဇူးတင်ရှိပါတယ်။   ကျန်းမာ ပါစေလို့    ဆုမွန်ကောင်းလည်း တောင်းပါတယ်။


ကိုသူရိန်  
(နေပြည်တော်၊ ပျဉ်းမနားမြို့နယ်)


အရင်နေ့တွေကလည်း ဘုရား ကြီးကို     လာရောက်ဖူးမြော်ဖို့ အစီအစဉ်တွေ        ရှိပါတယ်။ ဒါပေမယ့် အလုပ်တွေနဲ့ မအားတဲ့ အတွက်    ဒီနေ့မှ   လာရောက် ဖူးမြော်ဖြစ်ပါတယ်။   ဩဂုတ်လ ၈ နေ့ကစပြီး ဘုရားကြီးကို အခမဲ့ ဖူးမြော်ခွင့်ပြုခဲ့တာလည်း    သိရပါ တယ်။ အဲ့ဒီနောက်  ဘုရားဖူးလာ ရဟန်း ရှင်လူ     ပြည်သူတွေ ကြိတ်ကြိတ်တိုး     စည်ကားစွာ လာရောက် ဖူးမြော်ခဲ့တဲ့အတွက် အခမဲ့         ဝင်ရောက်ဖူးမြော်နိုင်ဖို့   ရက်တိုး         သတ်မှတ်ခဲ့ပါတယ်။    ယခုအခါမှာလည်း   ဘုရားကြီးကို ဖူးမြော်တဲ့    ပြည်သူတွေအနေနဲ့  အခမဲ့     ဖူးမြော်ခွင့်ပြုပေးထားတဲ့ အတွက်         ဦးဆောင်ဘုရား ဒါယကာကြီးကိုလည်း လှိုက်လှိုက် လှဲလှဲ        ကျေးဇူးအထူးတင် ရှိပါတယ်။  ဘုရားကြီးရဲ့ ပရိဝုဏ် ထဲ ရောက်ကတည်းက ကိုယ်စိတ် နှလုံး  အလွန်ပဲ      အေးချမ်းလှ ပါတယ်။ မာရဝိဇယဘုရားကြီးဟာ ကမ္ဘာပေါ်မှာရှိတဲ့      ထိုင်တော်မူ ကျောက်ဆစ်   ရုပ်ပွားတော်တွေထဲ မှာ    ဉာဏ်တော်အမြင့်ဆုံးဘုရား ကြီးဖြစ်တဲ့အတွက်      မြန်မာနိုင်ငံ အတွက်လည်း ဂုဏ်ယူစရာအဖြစ် ပေါ်ထွန်းလာခဲ့သလို  ဘာသာရေး အတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ဘုရားကြီးတစ်ဆူ   ဖြစ်ပါတယ်။ ဘုရားကြီးကို    နေပြည်တော် ပတ်ဝန်းကျင်မြို့နယ်က ဒေသခံ တွေအပြင် တခြားတိုင်းဒေသကြီး နဲ့  ပြည်နယ်တွေက   ဘုရားဖူး ပြည်သူတွေလည်း  တစ်ခဲနက်လာ ရောက် ဖူးမြော်ကြတာကို ဝမ်းသာ ဖွယ်ရာ     တွေ့မြင်ရပါတယ်။   အနယ်နယ်အရပ်ရပ်က  ဘုရားဖူး    ပြည်သူတွေအနေနဲ့ မာရဝိဇယ ဘုရားကြီးကိုဖူးမြော်ပြီး  နေပြည် တော်က အထင်ကရနေရာတွေကို လည်း    လာရောက်လည်ပတ် ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။


ဟိန်းထက်ဇော်(မြန်မာ့အလင်း)
 ဓာတ်ပုံ - အိမ့်ဘီလီယံမောင်