မာရဝိဇယ မြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ တရုတ်နိုင်ငံ ကွမ်းရှီးရုပ်သံ (GXRTV) မှ လာရောက်ရိုက်ကူး

 

နေပြည်တော် စက်တင်ဘာ ၇ 


တရုတ်နိုင်ငံ      ကွမ်းရှီးရုပ်သံ (GXRTV)မှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင်     နေပြည်တော်ရှိ မာရဝိဇယ မြတ်ဗုဒ္ဓရုပ်ပွားတော် ကြီးသို့     သွားရောက်ဖူးမြော်၍ ရိုက်ကူးရေးဆောင်ရွက်မှုနှင့်အတူ နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့ အသံနှင့်     ရုပ်မြင်သံကြားသို့ သွားရောက်၍      ရိုက်ကူးရေး ဆောင်ရွက်သည်။ 


နံနက်ပိုင်းတွင် ကွမ်းရှီးရုပ်သံ (GXRTV)  မှ   တွေ့ဆုံမေးမြန်းသူ Ms.LUO XIANZI (ချမ်းချမ်း)က  မြန်မာ့အသံနှင့်  ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ်  ဦးရဲနိုင်နှင့် တွေ့ဆုံမေးမြန်းမှု    ပြုလုပ်၍ MRTV  နှင့်   GXRTV   တို့အကြား တရုတ်ရုပ်သံဇာတ်လမ်းတွဲနှင့် ကာတွန်းဇာတ်လမ်းတွဲများ ပြသ မှုနှင့် မြန်မာပရိသတ်များ ကြည့်ရှု အားပေးမှုအခြေအနေ၊ ဇာတ်လမ်း တွဲများ    ပြသခြင်းဖြင့်   နှစ်နိုင်ငံ ချစ်ကြည်ရေးအပေါ်      အကျိုး သက်ရောက်မှု၊    နှစ်နိုင်ငံရုပ်သံ မီဒီယာတို့   ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများ ကို ရိုက်ကူးရေးဆောင်ရွက်သည်။ 


ဆက်လက်၍   ၂၀၂၃   ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက် အထိ တရုတ်နိုင်ငံ  နန်နင်းမြို့တွင် လေးရက်ကြာကျင်းပမည့် အကြိမ် (၂၀) မြောက် အာဆီယံ - တရုတ် ကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပ နိုင်ရေး  သဘောထား အမြင်အား ရိုက်ကူးရေးပြုလုပ်သည်။ 


ထို့နောက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ချိန်တွင် ကွမ်းရှီးရုပ်သံ (GXRTV) မှ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား (MRTV)အတွက်   လိုအပ် သော ဆေးဝါးများနှင့် နှာခေါင်း စည်းများ      ပေးပို့လှူဒါန်းခဲ့မှု အတွက်  မှတ်တမ်းတင်ဂုဏ်ပြုလွှာ နှင့်      အမှတ်တရပစ္စည်းကို ညွှန်ကြားရေးမှူးချုပ်က ပြန်လည် ပေးအပ်သည်။ 


ယင်းနောက်    ကွမ်းရှီးရုပ်သံ အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင် သံကြား၏   သတင်းထုတ်လွှင့် တင်ဆက်မှုများနှင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားမှုများ ကို ကြည့်ရှုလေ့လာပြီး ရိုက်ကူး ရေးဆောင်ရွက်သည်။

 
ထို့နောက်   နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ      ဗုဒ္ဓ ဥယျာဉ်    ဝတ္ထုကံတော်အတွင်း တည်ထား     ပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ  ထိုင်တော်မူ ကျောက် ဆစ်   ဗုဒ္ဓရုပ်ပွားတော်များတွင် စကျင်ကျောက်ဖြင့် ထုဆစ်ပူဇော် ထားသော    ဉာဏ်တော်အမြင့်ဆုံး ဖြစ်တော်မူသော မာရဝိဇယ  ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်     ဗုဒ္ဓ ဥယျာဉ်တော်ကြီးသို့ သွားရောက် ဖူးမြော်၍  ဘုရား၊ ကျောင်း၊ ကန်၊ ဗိမာန်၊    ဇရပ်ဆောင်များနှင့် ကျောက်စာများ၊ ပန်းမန်ဥယျာဉ်၊ ရေပန်းနှင့်  လမ်း၊  တံတားများ တည်ထားမှုကို   ရိုက်ကူးရေး  ဆောင်ရွက်ပြီး လေကြောင်းခရီး ဖြင့်    ပြန်လည်ထွက်ခွာကာ ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ နန်နင်းမြို့သို့  ပြန်လည်ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်