မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင်ပြီးစီး

 

နေပြည်တော် ဇန်နဝါရီ   ၃၁


ပြည်ထောင်စုနယ်မြေ  နေပြည်တော်  ဒက္ခိဏသီရိ မြို့နယ်ရှိ      မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန်   ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာ ပလ္လင်တော်ထက်သို့   စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို   ဇန်နဝါရီ  ၂၆  ရက် နံနက်ပိုင်းတွင် အဆိုပါ  ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်  အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏  အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ  ရွှေကျင်သာသနာ ပိုင်   သီတဂူဆရာတော်ဘုရားကြီး    ဒေါက်တာ  ဘဒ္ဒန္တ  ဉာဏိဿရတို့  အမှူးပြုသော  ဆရာတော်၊ သံဃာတော်များ   ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်  ဦးဆောင်သော  စေတနာရှင်၊ အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ 

 


၇၂ နာရီ မိနစ် ၅၀ ကြာမြင့်ခဲ့


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်အပိုင်း (၁/၂/၃)တို့ကို  တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင် တော်ထက်သို့   ပင့်ဆောင်နိုင်ရန်အတွက်   ကနဦး လုပ်ငန်းဖြစ်သည့်  ပင့်ထောင်ခြင်းလုပ်ငန်းများကို သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍  ဇန်နဝါရီ ၂၆ ရက်   နံနက် ၈ နာရီ  ၁၀  မိနစ်အချိန်မှစတင် ပင့်ထောင်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်တွင် ဆင်းတု တော်ကြီး လဲလျောင်းနေရာ ၀ ဒီဂရီမှ ၂၆ ဒီဂရီအထိ အမြင့်အားဖြင့် ၃၁ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ၂၆ ဒီဂရီမှ ၅၁ ဒီဂရီအထိ အမြင့်အားဖြင့် ၅၂ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်တွင်  ၅၁ ဒီဂရီမှ ၆၈ ဒီဂရီအထိ အမြင့်အားဖြင့်  ၆၃ ပေ အထိ လည်းကောင်း၊ ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ အမြင့်အားဖြင့်  ၇၅  ဒသမ ၅  ပေအထိ   ပင့်ထောင်ပူဇော်ခဲ့ပြီး     ဆင်းတုတော် အစိတ်အပိုင်းကြီးအား  ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ကြာမြင့်ချိန်အားဖြင့် ၇၂ နာရီ မိနစ် ၅၀ ကြာမြင့်ခဲ့သည်။

 


ပင့်ဆောင်ခဲ့သည့် အကွာအဝေး ၈၁ ပေ 


အထက်ပါ ပင့်ထောင်ပြီးစီးသည့်  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏   အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ရေးလုပ်ငန်း များကို ဇန်နဝါရီ ၂၉ ရက် ည ၁၁ နာရီ ၁၆ မိနစ်ခန့် တွင် ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီ ၁၇ မိနစ်ခန့်တွင် ရတနာပလ္လင်တော် အနီး နေရာအထိ   ပင့်ဆောင်နိုင်ခဲ့ပြီး  စုစုပေါင်း ပင့်ဆောင်ခဲ့သည့် အကွာအဝေးမှာ ၈၁ ပေ ဖြစ်ကာ ကြာမြင့်ချိန် ၁၁ နာရီ ၁ မိနစ်ခန့် ကြာမြင့်ခဲ့သည်။

 


အောင်မြင်စွာ   ပင့်ဆောင်နေရာချထားနိုင်ခဲ့


အဆိုပါ   ရတနာပလ္လင်တော်အနီးနေရာအထိ ပင့်ဆောင်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကို  တွဲဆက် ထားသည့်   ဆင်းတုတော်အစိတ်အပိုင်းကြီးအား ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်တွင် အမြင့် ၉ လက်မ ပင့်တင်ပြီး ပလ္လင်ပေါ်သို့ ဆက်လက်ပင့်ဆောင်ခဲ့ရာ နံနက် ၁၁ နာရီ ၃၄ မိနစ်တွင် ရတနာပလ္လင်တော်ထက် သို့   အောင်မြင်စွာ   ပင့်ဆောင်နေရာချထားနိုင်ခဲ့ ကြောင်းနှင့်  အဆိုပါ   ပင့်ဆောင်နေရာချထားမှု လုပ်ငန်းကြာမြင့်ချိန်မှာ ၉ နာရီ ၅၉ မိနစ်ခန့် ကြာမြင့် ခဲ့သည်။ 

 


တန်  ၃၈၀၀ အသုံးပြု


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ထုဆစ် ပြီးစီးသည့်   ဆင်းတုတော်  အစိတ်အပိုင်းများကို တွဲဆက်ပြီးနောက်        ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေးအတွက်  ဆောင်ရွက်ခဲ့ရာတွင် ဝန်ချီစက် ရှစ်လုံးပါ သံမဏိမျှော်စင် တည်ဆောက် ခြင်း၊   ဆင်းတုတော်  ပင့်ဆောင်ရာတွင်  ထုဆစ်ပြီး ကျောက်သားများ  ထိခိုက်မှု  မရှိစေရန်   သံမဏိ ပန်းတောင်းတည်ဆောက်ခြင်းတို့ကို    အချိန်အားဖြင့် ခုနစ်လကြာပြီး   သံထည်ပစ္စည်းတန်ချိန်အားဖြင့် တန်  ၃၈၀၀ အသုံးပြု၍  မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့်ပူးပေါင်းကာ  တပ်မတော်သား အင်ဂျင် နီယာများက တည်ဆောက်ခဲ့သည်။

 


အားသွန်ခွန်စိုက် ကြိုးပမ်း


မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့် ပစ္စည်းကို  မ တင်ရွှေ့ပြောင်းဖူးသည့် နည်းပညာ၊ အတွေ့အကြုံနှင့်  စက်ယန္တရားများ  အသုံးမပြုခဲ့ ဖူးသော်လည်း ယခုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး  တည်ထားကိုးကွယ်ရာတွင်   သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံ များဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲ တွက်ချက်ခြင်း၊   စစ်ဆေးခြင်းတို့တွင်   ခေတ်မီ နည်းပညာများကို            အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့သည်။

 


လေ့လာဖူးမြော်ကြည်ညိုနိုင်


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်အပိုင်း (၁/၂/၃)တို့ကို  တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော် ထည့်သွင်းထားသည့်  သံမဏိရတနာပန်းတောင်း တော်တို့၏  အလေးချိန် ၂၃၆၇  ဒသမ ၅ တန်တို့အား သံမဏိမျှော်စင်တွင်   ဝန်ချီစက်  ရှစ်လုံးတို့ဖြင့် ပင့်ဆောင်၍ ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ အောင်မြင်စွာ ပင့်ဆောင် နေရာချထားနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် အများပြည်သူ များ စိတ်နှလုံးအေးချမ်းစွာ လာရောက်ဖူးမြော်နိုင်စေ ရန်၊   တရားဘာဝနာများ   အေးချမ်းစွာ  ပွားများ အားထုတ်နိုင်စေရေးနှင့်   မြတ်ဗုဒ္ဓ၏  နှုတ်ကပါဌ်တော် ပိဋကတ်သုံးပုံတို့အား      လေ့လာဖူးမြော်ကြည်ညို နိုင်စေရေးတို့အတွက်    တည်ဆောက်ပူဇော်လျက်ရှိ ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်