မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၁


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ   မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ် ရန် ဆောင်ရွက်လျက်ရှိသည့်   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၄)အား  ရတနာပလ္လင်တော်ထက် သို့   ပင့်ဆောင်ပူဇော်ခြင်း   မဟာမင်္ဂလာ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါ    ဗုဒ္ဓဥယျာဉ်တော်အတွင်း၌    ကျင်းပပြုလုပ်သည်။

 


အဆိုပါ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ       အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ တပ်ကုန်း မြို့ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု  ဘဒ္ဒန္တ အာစိဏ္ဏ၊   လယ်ဝေးမြို့ အင်းသာအရှေ့    ကျောင်းတိုက် ဆရာတော် အဘိဓဇ  အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ပဏ္ဍိတ၊ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့ နယ်   ဝဲကြီးစာသင်တိုက်ဆရာ တော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာဒိစ္စဝံသနှင့် မာရဝိဇယရုပ်ပွား တော်မြတ်ကြီး       တည်ဆောက် ရေး    ဩဝါဒါစရိယဆရာတော် ပျဉ်းမနားမြို့   ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ       ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်       သံဃာတော်များ ကြွရောက်  ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက် အတွင်းရေးမှူးနှင့်   ကောင်စီဝင် များ၊   ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ   ဥက္ကဋ္ဌ၊ ကာကွယ်ရေး      ဦးစီးချုပ်ရုံးမှ တပ်မတော်     အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝတ်အသင်း အဖွဲ့များ  တက်ရောက်ကြည်ညို ကြသည်။

 


ရွတ်ဆိုပွားများပူဇော်


ဦးစွာ           အခမ်းအနားကို နမောတဿ           သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့          ဖွင့်လှစ်ပြီး   မာရဝိဇယ       ဗုဒ္ဓပူဇာဘွဲ့သီချင်းဖြင့် သီကျူးပူဇော်၍   မင်္ဂလာငွေခရု၊ အောင်စည်     အောင်မောင်းတို့ကို အောင်ကြောင်း  မင်္ဂလာအဖြစ်  သုံးကြိမ်     တီးခတ်ပူဇော်ကြသည်။ ထို့နောက်    တက်ရောက်လာကြ သည့်          ဧည့်ပရိသတ်များက ဆရာတော်ကြီးများ   ရွတ်ပွား သရဇ္စျာယ်တော်မူကြသည့် သမန္တာ မှစ၍ မေတ္တသုတ်၊ အာဋာနာဋိယ သုတ်၊   ဓဇဂ္ဂသုတ်၊  ပုဗ္ဗဏှသုတ် ပရိတ်တော်များနှင့်  ဇယမင်္ဂလာ ဂါထာတော်များကို နာယူကြည်ညို ကြပြီး ဘုရားဒါယကာ၊ ဒါယိကာမ များက             ရတနတ္တယပူဇာ ဂါထာတော်နှင့်   သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာတို့ကို   သံပြိုင် ညီညာ ရွတ်ဆိုပွားများ ပူဇော်ကြ သည်။

 


ယင်းနောက် ဆရာတော်ကြီး များ အမှူးပြု၍ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့်   အဖွဲ့ဝင်များက   ရတနာ ပလ္လင်တော်အနီးရှိ      သတ်မှတ် နေရာများတွင်   နေရာယူကြပြီး   ရတနာပလ္လင်တော်   မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ဆင်းတု တော်  အပိုင်း (၄)အား ထည့်သွင်း ထားသည့်        သံမဏိရတနာ   ပန်းတောင်းတော်နှင့်   ရတနာ ပလ္လင်တော်ထက်သို့   ပင့်ဆောင် ပူဇော်မည့်        သံမဏိမျှော်စင် ကရိန်းနေရာ သုံးခုတို့အား  ပရိတ် နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်သည်။

 


စတင်ပင့်ဆောင်ပူဇော်


ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်    စာတမ်းကို ဖတ်ကြားပြီး    မင်္ဂလာအချိန်တွင် ဦးဆောင်ဘုရားဒါယကာနိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ   ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်   အပိုင်း(၄) အား ရတနာပလ္လင်တော်ထက်သို့  စက် ခလုတ်နှိပ်၍ မင်္ဂလာစက်ယန္တရား များဖြင့်  စတင်ပင့်ဆောင်ပူဇော် သည်။

 


လုပ်ငန်းစဉ်အလိုက်
ဆက်လက်ဆောင်ရွက်


ထို့နောက်    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်အပိုင်း(၄)အား ရတနာပလ္လင် တော်ထက်သို့      ပင့်ဆောင်ခြင်း လုပ်ငန်းများကို     လုပ်ငန်းစဉ် အလိုက် ဆက်လက်ဆောင်ရွက်ရာ သံဃာတော်  အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့်  ဇယမင်္ဂလာ အောင်ဂါထာတော်များကို   ရွတ် ဆိုပူဇော်ကြသည်။ 
မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရတနာပလ္လင်တော် ထက်သို့ စတင်ပင့်ဆောင်ပူဇော်ရာ တွင်    ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ  ၅၄  ပေ   ရှိကာ    ယနေ့ ပင့်ဆောင်သည့်   ဆင်းတုတော် အပိုင်း (၄)၏ စုစုပေါင်း အလေး ချိန်မှာ တန် ၅၀၀ ဖြစ်ပြီး အဆိုပါ ဆင်းတုတော် အစိတ်အပိုင်းကြီး အား  သံမဏိမျှော်စင်ဝန်ချီစက် အသုံးပြု၍   ရတနာပလ္လင်တော် ပေါ်သို့ ပင့်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


မေတ္တာပို့အမျှပေးဝေ


ဆက်လက်ပြီး     အောင်ဆု မင်္ဂလာအမျှဝေ          စာတမ်းလွှာ ဖတ်ကြား၍ မေတ္တာပို့အမျှပေးဝေ ကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံး ကြိမ်ရွတ်ဆိုဆုတောင်း၍  အခမ်း အနားကို   ရုပ်သိမ်းခဲ့ကာ  မဟာ မင်္ဂလာအခမ်းအနား  အောင်မြင် ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြ သည်။

 


အဆိုပါ“မာရဝိဇယ” ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ   ထွန်းလင်းတောက်ပ လျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း   သာယာမှုရှိ စေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း   ပြည်ပ  ဘုရားဖူးများ လာရောက်ခြင်းဖြင့်            ဒေသ တိုးတက်  စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်       ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် (၄) ရပ်ဖြင့် တည် ထား  ကိုးကွယ်ရန် လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။

 


စတင်ပင့်ဆောင်ခဲ့


 ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ ကို  တွဲဆက်ထားသည့် ဆင်းတု တော်အစိတ်အပိုင်းကြီး စုစုပေါင်း အလေးချိန်မှာ တန် ၁၇၀၀ ရှိပြီး ဇန်နဝါရီ  ၂၆ ရက်  မင်္ဂလာအချိန် တွင်     ရတနာပလ္လင်တော်ထက် သို့              စတင်ပင့်ဆောင်ခဲ့ကာ  ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော် ထက်သို့  အောင်မြင်စွာ  ပင့်ဆောင် ပူဇော်နိုင်ခဲ့ပြီးဖြစ်သည်။    ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်ထက်  အလယ်ဗဟို ဌာနများတွင်လည်း    ဦးဆောင် ဘုရားဒါယကာ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  အမှူးပြု သည့် ပြည်ထောင်စု မြန်မာနိုင်ငံ တော် တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ များ၊ စေတနာရှင်၊ အလှူရှင်များက    ကုသိုလ်ပြု   လှူဒါန်းထားသည့်       အဖိုးတန် ကျောက်မျက်ရတနာ ဌာပနာတော်  ကုသိုလ်ပစ္စည်းများ  ဌာပနာသွင်း       လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်း အနားများကို  ဇန်နဝါရီ ၂၇ နှင့် ဖေဖော်ဝါရီ   ၁ဝ   ရက်တို့တွင်          အောင်မြင်စွာ   ပြုလုပ်ပြီးစီးခဲ့ပြီး  ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်း လုံးမှ   ဌာပနာတော်ကုသိုလ်ရှင် များ၊   ပြည်သူ   ပြည်သားများ အားလုံး  ဝမ်းမြောက်နုမော်သာဓု ခေါ်ဆိုခဲ့ကြသည်။

 


ဆက်လက်ဆောင်ရွက်


ယနေ့တွင်      ရတနာပလ္လင် တော်ထက်သို့            ဆက်လက် ပင့်ဆောင်ပူဇော်ရန်  ကျန်ရှိသည့် မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏  ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း        မဟာ မင်္ဂလာအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ပင့် ဆောင်ပူဇော်ခြင်း လုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက်     ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ 

 


အလင်းပေးပူဇော်ထား


ထို့ပြင်   ညချမ်းချိန်ခါများ တွင်လည်း မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ    ကျောက်စာရုံ စေတီတော်များ၊ ရေပန်းရင်ပြင် တော်များ၊ ဘုရားကြီးရင်ပြင်တော်၊ သုဓမ္မာ ဇရပ်များနှင့်  ပင်မအဝင် လမ်းတို့၌ အများပြည်သူကြည်ညို သပ္ပာယ်ဖွယ်  မီးများထွန်းညှိ၍ အလင်းပေး ပူဇော်ထားရှိကြောင်း သတင်းရရှိသည်။      


သတင်းစဉ်