မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ ၅၁ ဒသမ ၂ ဒီဂရီ ပင့်ထောင်ပူဇော်ပြီးစီး

 

နေပြည်တော်  ဇန်နဝါရီ   ၂၇


ပြည်ထောင်စုနယ်မြေ   နေပြည် တော်         ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ               ဗုဒ္ဓဥယျာဉ်တော် အတွင်း    တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့်     မာရ ဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ထောင်ပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်        အတွင်း၌   နိုင်ငံတော်   သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက်ဆရာတော်  အဘိ ဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသနှင့်  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏  အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊   အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာ ဓမ္မကထိက    ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ   ရွှေကျင် သာသနာပိုင်  သီတဂူဆရာတော် ဘုရားကြီး   ဒေါက်တာ  ဘဒ္ဒန္တ ဉာဏိဿရတို့   အမှူးပြုသော ဆရာတော်၊   သံဃာတော်များ ကြွရောက်     ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား              ဒါယကာ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော် ဝန်ကြီးချုပ်           ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ဦးဆောင်သော စေတနာရှင်၊  အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ 

 


မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရတနာပလ္လင်တော် ထက်သို့   သံမဏိမျှော်စင်ဝန်ချီ စက်အသုံးပြု၍  ပင့်ထောင်လျက် ရှိရာ ယနေ့ည ၁၂ နာရီအချိန်အထိ ရတနာပလ္လင်တော်ထက်သို့   ၅၁ ဒသမ  ၂  ဒီဂရီ   ပင့်ထောင်ပူဇော် ပြီးစီးပြီဖြစ်ကြောင်း  သတင်းရရှိ သည်။                        

သတင်းစဉ်